Part-60(ကြံစည်တာ မဟုတ်ဘူး ယုံကြည်တာ)

716 74 8
                                    

Unicode

"နှင်း နန်းကို အရမ်းချစ်တယ်!"

"ရှင်!?"

တစ်ခါ ရေခဲမုန့်အတူသွားစားပြီးနောက်မှာ တစ်လလောက် ထပ်မံပျောက်သွားပြန်တဲ့ ကလေးမကြောင့် လူက မနေနိုင် မထိုင်နိုင် ၊ မရတော့တဲ့ အဆုံး အကိုဖြစ်သူ သူငယ်ချင်းဆီမှ သတင်းအရင်မေးပါသော်ငြား အိမ်သို့ ကိုယ်တိုင်သွားမေးကြည့်လိုက်ဖို့ အကြံပေးလာတာကြောင့် သူမလေး၏ အိမ်သို့သာ ထွက်လာခဲ့ဖြစ်သည်။

အိမ်သို့ ရောက်ပြီး သိပ်မကြာပင် သူမလေး၏ မထင်မှတ်စွာ ဖွင့်ပြောလာခြင်းကြောင့် လူက ရင်တမမနဲ့ပါ ဖြစ်လုနီးနီး။

"နန်း.."

ခေါ်သံလေး ကြားတော့မှ အသိပြန်ဝင်ကာ ရှေ့က သူကို ကြည့်လိုက်တော့ ခေါင်းငုံ့ထားကာ လက်ချောင်းလေးတွေအချင်းချင်းလည်း ချိတ်ပြီး ကုတ်ဖဲ့နေတာကြောင့် မကြည့်ရက်နိုင်သူမှာ ထသွားကာ လက်ကို လှမ်းဆွဲပြီး တားဆီးလိုက်သည်။

"ဘာလို့ ကုတ်ဖဲ့နေတာ သွေးတွေ ဘာတွေ ထွက်ကုန်မှဖြင့် နာနေတော့မှာပေါ့"

"အဲ့ဒါက..နှင်းရဲ့ ခံစားချက်အမှန်ကို သိလိုက်ရတော့ နှင်းကို မုန်းသွားမှာ ကြောက်လို့"

"အရူးမလေး နှင်းလို ချစ်စရာကောင်းတဲ့ ကလေးမလေးကို ဘယ်သူကများ မုန်းရက်နိုင်မှာလဲ"

"အဲ့ဒါဆို..ချစ်တာလား"

မမုန်းဘူးလည်း ဆိုရော ချစ်တာလားဆိုပြီး ပက်ခနဲ ပြန်မေးလာတဲ့ သူလေးကြောင့် လူက ကြောင်တောင်တောင်နဲ့ မဖြေနိုင်တောင် ဖြစ်ချင်သွားရသည်။

"အဲ့ဒါက ဘယ်လိုပြောရမလဲ ချစ်လား မချစ်လား မသိပေမဲ့ နှင်း ကိုယ့်အနားမှာ မရှိနေရင် စိတ်မချမိတာတော့ အမှန်ပဲ"

"စိတ်မချရအောင် နှင်းက ကလေးလား"

"မပြောတတ်ဘူး ကိုယ်မျက်လုံးထဲမှာ ကလေးတွေထက် ပိုကလေးဆန်ပြီး ချစ်ဖို့ ကောင်းနေတာကို အခုပဲ ကြည့် စိတ်ဆိုးနေပုံလေးက ပါးဖောင်းဖောင်းလေးနဲ့ နှုတ်ခမ်းလေးက ထော်နေသေး"

"နန်းနော်!"

"ဟားဟား ကိုယ်က နှင်း ချစ်ဖို့ ကောင်းနေတာကို အသဲယားလို့ပါကွယ်"

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Where stories live. Discover now