Unicode
✇✇✇✇✇✇✇✇✇✇✇နှင်းအိဖြူတို့ တိုင်းပြည်၏ မြောက်ဘက်စွန်းမြို့တော်သို့ နောက်တစ်နေ့ရောက်သည်နှင့် ထွက်လာခဲ့ကြသည်။
ရာဇာဝဏ္ဏမင်းကြီးနဲ့ မျိုးရိုးစဉ်ဆက်၏ စွမ်းဆောင်မှုကြောင့် သာဓုယျာလတိုင်းပြည် ဘယ်လောက်ကြီးမားလဲဆို မြောက်ဘက်အစွန်ဆုံးကိုပင် ရောက်အောင် ၃/၄ရက်လောက် ကြာမည်လို့ ဆိုသည်။
ခရီးနှင်လာတာ ၂ရက်လောက်ရှိပြီမို့ တဖြည်းဖြည်းမြောက်ပိုင်းထဲ ဝင်လာတာနဲ့ အအေးဒဏ်ကို ပိုပြီး ခံစားလာရသည်။
နှင်းအိဖြူ မသွားခင် တစ်ခု ဆုံးဖြတ်လိုက်တာ မှန်သွားလို့ တော်သေးသည်။
မင်းသမီးလေးတစ်ယောက်မို့ လှည်းယဉ်တော်နှင့် သွားခိုင်းပါသော်လည်း ဘယ်လောက်ပဲ နန်းတွင်းအခိုင်းအစေဖြစ်နေပါစေ တစ်ပါးသူကို မပင်ပန်းစေချင်တာကြောင့် ကိုယ်တိုင် မြင်းမောင်းနှင်ပြီးသာ ထွက်လာခဲ့သည်။
အကိုတော်တို့ မွေးနေ့လက်ဆောင်ပေးထားတာဆိုတဲ့ မြင်းဖြူသန်သန်မာမာကို စီးနှင်းလာခဲ့ရပြီး နှင်းအိဖြူ အစက အခက်အခဲဖြစ်နေတာ တဖြည်းဖြည်းနဲ့ အဆင်ပြေလာသည်မို့ အခုဆို အရှိန်တင် သွားနိုင်သည်။
စစ်သူကြီးကတော့ ရင်တမမနဲ့ ဘေးက လိုက်လို့နေလျက်ပေါ့။
အထိန်းတော်ကုမာကို မခေါ်တော့ဘဲ မိမေ၊မက်ဒရာဇ်နဲ့ ရဲမက်စစ်သည်တချို့နဲ့သာ ထွက်လာခဲ့သည်။
လူများရင် နှင်းအိဖြူ ရှုပ်လို့ ဆိုကာ ပြောလို့ အကိုတော်၅ယောက် စစ်သူကြီးကို ဂရုစိုက်ပေးဖို့ မှာကြားတာ ဟိုက နားပင် အူခဲ့ရသေး။
မနက်ကတည်းကဆက်သွားနေတာ အချိန်တော်တော်ကြာ နေပင်အတော်မြင့်နေပြီမို့ ခဏရပ်နားဖို့ စဉ်းစားလိုက်သည်။
"မင်းသမီးလေး"
မြင်းဖို့ ဆင်းဖို့ လုပ်ချိန် စစ်သူကြီး အနားရောက်လာတာမို့ ပုခုံးကို လှမ်းထိန်းကာ ဆင်းလိုက်သည်။
"စစ်သူကြီး ပုခုံးက ကျယ်လိုက်တာ မိုက်စ် အဲ့ဒါကြောင့် ရင်ခွင်ထဲ ဝင်အိပ်တိုင်း တစ်ကိုယ်လုံး နွေးနေတာကို"
YOU ARE READING
စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့်