Part-4(မင်းကြီးနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်း)

2.7K 268 28
                                    

( Unicode )

နှင်းအိဖြူ ညနေ တိမ်နန်းလွှာက်ို ပြန်ရောက်ကတည်းက တောက်လျှောက် နန်းဆောင်ထဲမှာပဲ နေခဲ့သည်။

ညစာ စားတော့ ကုမာနဲ့ မိမေ စောပြန်ရအောင် သူတို့ရေခွက်ထဲ အိပ်ဆေးထည့်ကာ သူလည်း စောစောဝင်အိပ်ယောင်ဆောင်လိုက်သည်။

ကုမာ/မိမေ-"ကောင်းသောညလေးဖြစ်ပါစေ မင်းသမီးလေး"

နှင်းအိဖြူ-"အွန်း နှစ်ယောက်လုံးလည်း ကောင်းကောင်းအိပ်ပျော်ပါစေ"

အထိန်းတော်ကုမာနဲ့ မိမေ ထွက်သွားပြီး နာရီဝက်လောက်နေမှ နှင်းအိဖြူ လေ့ကျင့်ရေးတပ်သားတွေလို ဘောင်းဘီနဲ့ အင်္ကျီကလည်း တင်ဖုံးထိ ရှည်သည်အထိကို နက်ပြာရောင်တွေ ဝတ်ပြီး လျှို့ဝှက်လှုပ်ရှားသူလို မျက်လုံးသာဖော်ကာ မျက်နှာကို အဝတ်စနဲ့ စည်းပြီး နန်းဆောင်ထဲမှ ခိုးထွက်လာခဲ့သည်။

နန်းဆောင်အဝရောက်တော့ နန်းစောင့်တပ်သားလေးယောက် ထောင့်စွန်းတွေမှာ စောင့်ကြပ်နေတာမို့ တိုးတိုးတိတ်တိတ် မရိပ်မိအောင် ခြေဖွလျှောက်ကာ ကြိုးစားရသေး။

မင်းကြီးက စစ်ပွဲနိုင်လာသည်မို့ အောင်ပွဲကျင်းပပေးကာ ပွဲတော်တွင် ရဲမက်တွေရှိနေ၍ ခိုးထွက်လာရတာလွယ်ကူနေလို့ တော်သေးသည်ပြောရမည်။

ပြီးနောက် ဥယျာဉ်ဆီသို့ ဦးတည်လာခဲ့သည်။

နှင်းအိဖြူ ဥယျာဉ်အထဲ ဝင်ခါနီး

"နေရာ၌ရပ်စေ"

အနောက်မှ တစ်ယောက်ယောက် လှမ်းအော်လိုက်တာမို့ စကားအတိုင်း နေရာ၌ ရပ်တန့်သွားမိသည်။

*ခဏနေပါအုန်း ငါက ထွက်မပြေးဘဲ ဘာရပ်လုပ်နေမိတာ*

နှင်းအိဖြူ ထွက်မပြေးသေးဘဲ အနောက်ကို ခေါင်းလေး နည်းနည်းစောင်းငဲ့ကာ ကြည့်လိုက်တော့ စစ်သူကြီးပေ။

*ဟာ ချီးး မိစရာရှားလို့ စစ်သူကြီးနဲ့ မိရလား ငါ ပြေးလွတ်ပါ့မလား အာ မေ့လို့ အမွှေးနံ့အမှုန့်တွေနဲ့ မျက်နှာတည့်တည့်ပက်လိုက်ရင် ခဏပဲ မျက်လုံးစပ်၊မွှန်ပြီး အသက်ရှုရခက်တာလောက်လေးပဲ ဖြစ်မှာ အရမ်းကြီးမထိခိုက်ဘူး*

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Where stories live. Discover now