Unicode
"မင်းသမီးလေး အခု နန်းတော်ထဲမှ ထွက်သွားမှ ဖြစ်မည် အရှင်မင်းကြီး အဆိပ်ခတ်ခံရာ၌ မင်းသမီးလေးမှာ မယ်တော်ကြီးနှင့်အတူ ကြံရာပါတစ်ဦးဖြစ်၍ ဖမ်းဆီးခေါ်ဆောင်လာရန် အမိန့်ပေးထား၏!"
အထိန်းတော်ကုမာ၏ စကားဆုံးသည်နှင့် မိမေလည်း လိုအပ်တာတွေ အသည်းအသန် ထထည့်ကြတော့သည်။အထိန်းတော်ကုမာ နှင့် မိမေမှာ စိုးရိမ်ကြောက်လန့်စွာဖြင့် ဖြစ်နေချိန်မှာ နှင်းအိဖြူကတော့ ပုံမှန်ထက်ပင် တည်ငြိမ်နေခဲ့သည်။သို့ပေမဲ့ စိတ်ထဲမှာတော့ ကမ္ဘာပျက်မတတ် အံ့ဩနေခဲ့ချေသည်။
မိမေ-"မင်းသမီးလေး! အတွေးထဲ နစ်နေရမည့် အချိန် မဟုတ်ပါ့ အခုချက်ချင်းပင် နန်းတော်ထဲမှ ထွက်သွားရမည်လေ"
နှင်းအိဖြူ-"အင်း အင်းပါ ငါက ဒီအတိုင်း အမိန့်ပေးတာမဟုတ်ဘဲ သတင်းဖြန့်ပြီး တမင်ကြောက်လန့်အောင် လုပ်နေတာများလားလို့ တွေးနေမိသွားလို့ပါ"
ကုမာ-"မင်းသမီးလေး ဒိီမှာပါ လိုအပ်တာတွေ ထည့်ထားပြီးပါပြီ"
နှင်းအိဖြူ-"ခဏ အထိန်းတော်ကုမာ နဲ့ မိမေကရော အတူ လိုက်ခဲ့ကြလေ"
မိမေ-"မိမေတို့ကို မစိုးရိမ်ပါလေနှင့် မင်းသမီးလေးသာ လွတ်မြောက်နိုင်ရန်ကိုသာ ဦးစားပေး စဉ်းစားလှည့်ပါ"
နှင်းအိဖြူ-"ဟင့်အင်း မရဘူး နှစ်ယောက်ပါ အတူ လိုက်ခဲ့ရမယ် မဟုတ်ရင် ဒီနေရာကနေ ခြေတစ်လှမ်းမှ မရွှေ့ဘူးပဲ"
မင်းသမီးလေး၏ စကားတို့အား မလွန်ဆန်နိုင်သည်ကြောင့် သုံးယောက်သား နန်းဆောင် ရှေ့အပေါက်တံခါးမှ မထွက်တော့ဘဲ ပြတင်းပေါက်ကနေသာ ခုန်ချပြီး ပြေးဆင်းလာခဲ့ကြသည်။
သုံးယောက်သား ထွက်ပြေးကြရင်း လမ်း၌ ကံကောင်းစွာဖြင့် ဖိုးဝလေးကို တွေ့ခဲ့ကြကာ တစ်ခါတည်း အတူခေါ်လာခဲ့ကြလေသည်။
"မင်းသမီးလေး ထိုနေရာ၌ ရပ်ပါ!"
နှင်းအိဖြူတို့ တတ်နိုင်သမျှ ပြေးနေခဲ့ပေမဲ့ နန်းတော်အတွင်းထဲမှာမို့ နေရာတိုင်း ရဲမက်တွေနဲ့ အပြည့် ဖြစ်နေကာ ယခုလည်း အနောက်မှ ရဲမက်တို့ဟာ အမှီလိုက်လာနိုင်ခဲ့ပြီး လှမ်းတားဆီးနေချေသည်။
VOUS LISEZ
စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့်