Part-62(အူတိုလို့ တိုနေမိမှန်း မသိတဲ့ သူတစ်ယောက်)

1K 64 3
                                    

Unicode

"ကိုကို!"

"ညီမလေး ဘယ်လို ရောက်လာတာလဲ"

နှင်းအိဖြူ သိင်္ခဒနဇော်ဆီ ဆက်ထွက်လာခဲ့တော့ ကွင်းရဲ့ ဘေးထိုင်ခုံတွေနားမှာ ကိုကိုမင်းသုခနောင်ကို တွေ့လိုက်ရတာကြောင့် အပြေးသွားကာ လှမ်းအော်ခေါ်လိုက်သည်။
မင်းသုခနောင်လည်း ညီမလေးကို တွေ့လိုက်ရတော့ အံ့ဩသွားပုံ ရသည်။

"ကိုကိုထန်းပင်ကြီး လာပို့ခိုင်းတာ လမ်းကြုံဝင်ပေးရင်း နေ့လည်စာ အတူစားဖို့ ဝင်ခေါ်တာ"

"အဲ့ဒါဆို ကိုကိုသာ မရှိနေရင် ညီမလေးတို့ပဲ နေ့လည်စာ သွားစားကြမှာပေါ့ ဝမ်းနည်းသွားပြီ"

"ညီသုခ မင်း အကိုကြီး ငါ ဖုန်းခေါ်နေတာ ဘယ်နှခါလဲဆိုတာ အရင်ကြည့်လိုက်ဦး"

နက္ခတ်ဆန်းသွင်က နောက်မှ ရောက်လာလာချင်း လှမ်းပြောလာ၍ မင်းသုခနောင်လည်း အနောက်ခုံတန်းပေါ်မှာ တင်ထားတဲ့ အိတ်ထဲက ဖုန်းကို ထုတ်ကြည့်လိုက်သည်။
missed callက 8ခါတောင် ခေါ်ထားသည်ကို တွေ့လိုက်ရတော့ အကိုကြီးအား မော့ကြည့်ကာ မျက်နှာကြီး ဖြီးလို့ မျက်နှာချိုသွေးဖို့ ကြိုးစားလေသည်။

မင်းသုခနောင်-"ဟဲဟဲ သားက ဖုန်းကို အိတ်ထဲ ထည့်ထားတာဆိုတော့လေ ပြီးတော့ ကွင်းထဲက အသံတွေနဲ့ဆိုတော့ မကြားလိုက်ဘူး သား တောင်းပန်ပါတယ်ဗျ"

နက္ခတ်ဆန်းသွင်-"ကျွန်တော်တောင် မဟုတ်တော့ဘဲ တသား သားနဲ့ ငါ မင်းအဖေ မဟုတ်ဘူး"

မင်းသုခနောင်-"အကိုကြီးကလည်း ကျွန်တော်က စိတ်ဆိုးသွားမှာစိုးလို့ ရှင်းပြချင်ဇောနဲ့ မှားသွားတာပါ"

နက္ခတ်ဆန်းသွင်-"အေးပါကွာ အနောက်က မာန့်ကိုလည်း နှုတ်ဆက်လိုက်ဦး"

မင်းသုခနောင်-"မာန်?"

မာန်-"မတွေ့ရတာ ကြာပြီနော် အကိုသုခ"

မင်းသုခနောင်-"ဟ မာန် မင်း ပြန်ရောက်လာပြီလား ဘယ်နေ့ကတည်းက ငါတောင် မသိခဲ့ပါလား"

နှင်းအိဖြူ-"ဒီနေ့ပဲ မနက်က ညီမလေး လေဆိပ်မှာ သွားကြိုလာတာ အခုက သူအိမ်မပြန်ချင်သေးဘဲ လျှောက်လည်ချင်တယ်ဆိုလို့ လည်ရင်း ကိုက်ိုတို့နဲ့ တွေ့ဖို့ လိုက်ပို့ပေးနေတာ"

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Opowieści tętniące życiem. Odkryj je teraz