~{7}~

421 90 4
                                    

{Unicode}

မင်းအရင်တုန်းကနဲ့ ဆင်တယ်

ပစ္စုပ္ပန်

တုကျင့်၏ကားမှာ ဝမ်မြို့တော် ဆင်ခြေဖုံးရပ်ကွက်၊ ဆောက်လုပ်ရေးဆိုက်၏ အပြင်ဘက်တွင် ရပ်နားထား၏။ အရာအားလုံးဟာ သုဿန်တစပြင်ပမာ ငြိမ်သက်တိတ်ဆိတ်နေလေသည်။ လက်အား မိမိအရှေ့၌ ဆန့်တန်းလိုက်လျှင်ပင် လက်ချောင်းများအား မမြင်နိုင်တော့သည်အထိ ပတ်ဝန်းကျင်မှာ မည်းမှောင်နေ၏။

တုကျင့်က ကျိုးလော့ယန်အား ကားပေါ်၌ ဆက်လက်အိပ်စက်ခိုင်းထားသော်လည်း ကားတံခါးပိတ်လိုက်သည့်အသံကြောင့် အိပ်နေရာမှ နိုးလာခဲ့သည်။

ကျိုးလော့ယန်က ဝါးခနဲ သမ်းလိုက်ပြီး လက်နှစ်ဖက်ဖြင့် မျက်လုံးများကို ပွတ်သပ်ကာ တုကျင့်အား အိပ်ချင်မူးတူးဖြင့် ကြည့်လိုက်၏။ တုကျင့်လည်း 'တိုးတိုးနေ'ဟူသည့် လက်ဟန်ဖြင့် လက်ချောင်းကို နှုတ်ခမ်းပေါ်တင်ပြကာ တစ်ယောက်တည်းသွားမည့် အကြံအစည်အား လက်လျော့လိုက်ရတော့သည်။ ထို့နောက် ကျိုးလော့ယန်အား ဆောက်လုပ်ရေးဆိုက်တစ်ဝိုက်သို့ ခေါ်သွားလေ၏။

"ဒီမှာမှန်း ဘယ်လိုသိတာလဲ?"

ကျိုးလော့ယန်၌ မေးမြန်းစရာ မေးခွန်းများ တောင်ပုံယာပုံရှိလို့နေသည်။

"သတင်း"

"ဒါ မင်းတို့ကုမ္ပဏီစီမံကိန်းတွေထဲက တစ်ခုမလား?"

"ဝယ်ချင်လား.. (၂၀)ရာခိုင်နှုန်းဒစ်စကောင့်ရှိတယ်"

"အပြီးမသတ်သေးဘဲ ဒီအတိုင်းပစ်ထားတဲ့ အဆောက်အအုံကို (၂၀)ရာခိုင်နှုန်းပဲ ဒစ်စကောင့်ပေးမှာလား? ငါ့ကိုသာ ဓားပြတိုက်သွားလိုက်ပါတော့"

တုကျင့်က အနည်းငယ် အံ့အားသင့်သွား၏။

"မင်း သိတယ်လား?"

"ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်တာလေ"

ကွန်တိန်နာပုံးများဖြင့် ဆောက်ထားသည့် အလုပ်သမားတန်းလျား၌ မည်သည့်မီးမှ မဖွင့်ထားဘဲ ဆောက်လုပ်ရေးသုံး စက်ကိရိယာများ၊ လက်တွန်းလှည်းများကိုလည်း ဘေးဘက်၌ စုပုံပစ်ထားလေသည်။

ထျန်းတိပိုင်ကျူ (Transl.)Where stories live. Discover now