~{11}~

399 79 7
                                    

UNICODE

သူတို့နှစ်ဦးမှာ အစစ်အမှန် အတူရှိနေခဲ့ကြခြင်း
မဟုတ်သည့်အတွက်

ပစ္စုပ္ပန်

ဤသည်က ဝမ်မြို့တော်ရှိ ထိပ်တန်းကျောင်းဆယ်ကျောင်းထဲမှ တစ်ကျောင်းဖြစ်၏။ သင်ကြားပို့ချပေးသည့် ဆရာ၊ဆရာမများနှင့် ကျောင်းပတ်ဝန်းကျင်ကို ဖယ်ကြည့်မည်ဆိုလျှင်ပင် အခြားကျောင်းများနှင့် ကွဲထွက်နေသော ပြိုင်ဘက်ကင်း အတုမရှိသည့် ကဏ္ဍတစ်ရပ်လည်းရှိသေးသည် : ဤသည်က ကာယ၊ဉာဏ မသန်စွမ်းသည့် ကျောင်းသားကျောင်းသူများအပေါ်၌ပင် အရေးတယူပြုပေးသည်ဟူသော အချက်ပင်ဖြစ်၏။ အနှီကျောင်းမှာ မွေးရာပါဖြစ်စေ၊ မွေးဖွားပြီးနောက်မှ​ တစ်စုံတစ်ခု ချွတ်ချော်သွား၍ဖြစ်စေ ခြေ၊လက်အင်္ဂါ မသန်စွမ်းသည့် ကလေးသူငယ်များအား လက်ခံသင်ကြားပေးလေသည်။

ကျောင်း၌ ဝှီးချဲအသုံးပြုသူများ ပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် အထူးစီမံဆောင်ရွက်ပေးထားသည့် စင်္ကြံလမ်းများ၊ ဓာတ်လှေကားများလည်း ထားရှိပေးသည်။ ထို့အပြင် ကျောင်းဘတ်စ်ကား၏ ခရီးသည်အတက်အဆင်းခြေနင်းခုံ၌လည်း အလိုအလျောက် ပင့်နိုင်၊နှိမ့်နိုင်သည့် စက်ကိရိယာများ တပ်ဆင်ပေးထားလေ၏။ ကျောင်းအဆောက်အဦး၊ အိပ်ဆောင်များ၊ အားကစားကွင်း၊ ပန်းခြံများ၊ လူသွားလမ်းများနှင့် အခြားသော လွယ်ကူသက်သာစေမည့် စက်ကိရိယာများကိုလည်း နိုင်ငံတကာစံနှုန်းနှင့်အညီ ပြုပြင်ဆောင်ရွက်ပေးထားပြီး အထူးနေရာထိုင်ခင်းများကိုလည်း ပြင်ဆင်ဖန်တီးပေးထားသည်။ ထို့အပြင် အနှီကျောင်းမှာ မသန်စွမ်းသည့် ကျောင်းသားကျောင်းသူများကိုပါ လက်ခံပေးရုံတင်မက လဲ့ယောင်ကဲ့သို့သော လူငယ်များအား အခြားခန္ဓာကိုယ်ကြံ့ခိုင်သည့် ကျောင်းသားကျောင်းသူများနှင့်ပါ သာတူညီမျှ တစ်တန်းတည်း ပညာသင်ကြားခွင့်ပေးလေ၏။

လဲ့ယောင်သည်လည်း ကျောင်းပရဝုဏ်အတွင်း ဝင်ရောက်ချိန်မှစ၍ မည်သူ၏ အကူအညီကိုမှ မလိုအပ်တော့ဘဲ တစ်ကိုယ်တည်း ရွေ့လျားနိုင်သွားသည်။

ကျိုးလော့ယန်အား စိတ်ဓာတ်ကျစေသည့် အချက်နှစ်ချက်ရှိပေသည်။ ပထမအချက်မှာ လစဥ်ကြေးက အလွန့်အလွန် စရိတ်ကြီးလေ၏။ ဒုတိယအချက်မှာကား လဲ့ယောင်ဟာ အခြားသာမန်ကလေးသူငယ်များကဲ့သို့ပင် တသမတ်တည်း အခွင့်အရေးကိုသာ ရရှိမည်ဖြစ်လေသည်။

ထျန်းတိပိုင်ကျူ (Transl.)Donde viven las historias. Descúbrelo ahora