~{24}~

289 54 4
                                    

UNICODE

သတ္တလောကသားတစ်ဦး ဘဝသက်တမ်းဟာ
အဖြူရောင်တိုက်မြင်းတစ်စင်း ကဆုန်ပေါက်ပြေးလွှားရင်း အက်ကွဲကြောင်းလေးတစ်ခုအပေါ်
လျှပ်တစ်ပြက်အတွင်း ခုန်ပျံကျော်လွှားသွားသည့်အလား လျင်မြန်စွာ ကုန်လွယ်လွန်းလှပါသည်

အတိတ်

"သားက သူ့ရဲ့ခံစားချက်တွေကို တန်ဖိုးထားပေးရမယ်"

နှစ်နာရီကြာ ဆွေးနွေးတိုင်ပင်ပြီးနောက် အနှီစကားလုံးများက ကျိုးလော့ယန်၏ရင်ထဲသို့ အနက်ရှိုင်းဆုံး ထိုးစိုက်နိုင်ခဲ့လေ၏။

ဖန်းကျိုး၏ဦးလေးအား သိုဝှက်ဖုံးကွယ်ထားစရာ မရှိခဲ့ပါချေ။ ဦးစွာပထမဆိုရလျှင် သူသည် ဆရာဝန်များလိုက်နာရသည့် ကျင့်ဝတ်စည်းမျဥ်းသံန္နိဌာန်အရ တစ်ပါးသူ၏ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များကို လိုက်နာစောင့်ထိန်းမည်ဖြစ်ကြောင်း ကျိုးလော့ယန် ယုံကြည်သည်။ ဒုတိယအချက်အနေဖြင့် ဖန်းကျိုး၏ဦးလေးမှာ လူသိများကျော်ကြားသည့် ပညာရှင်တစ်ယောက်ဖြစ်သည့်အားလျော်စွာ ကျွမ်းကျင်မှုစွမ်းရည်ကိုလည်း မေးခွန်းထုတ်ရန်ပင် မလိုအပ်တော့ချေ။

"သူခံစားနေရတာတွေကို ကိုယ်က ဂရုစိုက်ပေးရင်း.. ဆရာဆိုလိုချင်တာက သားရဲ့သူငယ်ချင်းက စိတ်တက်ကြွနေသည်ဖြစ်စေ၊ စိတ်ဓာတ်ကျနေသည်ဖြစ်စေ သူသာ ကိုယ်ဖြစ်ခဲ့ရင်လို့ စိတ်အေးအေးထားစဥ်းစားပေးပြီးတော့ သူ့ကို နားလည်ပေးဖို့ ကြိုးစားရမယ်.. သားသဘောပေါက်ထားရမှာက သူ့ရဲ့ပုံမှန်မဟုတ်တဲ့ အပြုအမူတွေဆိုတာ စိတ်ကျအပိုင်း၊ စိတ်ကြွအပိုင်းတွေထဲက သာမန်ဖြစ်စဥ်တစ်ခုပဲ.. ဆရာတို့လို အကောင်းကြီးရှိနေတဲ့လူတွေလိုမျိုးမဟုတ်ဘူးလေ.. ဒါကြောင့်မို့လို့ သူရုတ်တရက် ပြောင်းလဲသွားတဲ့ စိတ်ခံစားချက်တွေက သူ့ရဲ့စိတ်ရင်းစိတ်မှန်မဟုတ်ဘူးဆိုတာကို ယုံကြည်ထားရမယ်"

ကျိုးလော့ယန်သည်လည်း ရုတ်ခြည်း ဝင်ပြောလေ၏။

"ဟုတ်တယ်.. သူလည်း ကျွန်တော့်ကို အချိန်တိုင်း ပြောနေကျ.. 'ငါ မင်းကို မထိခိုက်စေချင်ဘူး'ဆိုပြီး"

ထျန်းတိပိုင်ကျူ (Transl.)Where stories live. Discover now