~{35}~

248 41 5
                                    

UNICODE

ဒီတစ်လျှောက်လုံး သူ့ကို ဂရုစိုက်ပေးနေလို့ ကျေးဇူးအများကြီးတင်ပါတယ်ကွယ်

အတိတ်

တုကျင့်နှင့် ဟွမ်းထင်တို့က ကနဦးတွေ့ဆုံမှုမှသည် နောက်ပိုင်းတွင် အချင်းချင်းမဆက်သွယ်ဖြစ်ကြတော့။

အောက်တိုဘာလ ရောက်ချေပြီ။ ဝမ်မြို့တော်တွင်လည်း ဆောင်းလေညင်းလေးများက ဝန်းရံကြီးစိုးလာချေပြီ။ ကျိုးလော့ယန်က အပြင်သွားဖို့ရာ စကားမစသေးသောကြောင့် တုကျင့်လည်း ပြတင်းတံခါးများ အကုန်အစင်ပိတ်ကာ အဆောင်၌နေထိုင်ခဲ့စဥ်တုန်းကအတိုင်း အေးဆေးသက်သာစွာ အနားယူဖြစ်ခဲ့လေ၏။ WeChat ၌ 'ကပ္ပတိန်'အကောင့်ကို စ add ပြီးကတည်းက တုကျင့်က သူနှင့် စကားအပြန်အလှန်ပြောဖြစ်သည်။ ကျိုးလော့ယန်က တုကျင့်၏ဖုန်းအား လှမ်းကြည့်လိုက်၏။

"သူဆိုတာ သေချာရဲ့လား?"

တုကျင့်လည်း ဟုတ်မှန်ကြောင်း အသံပေးကာ 'ကပ္ပတိန်'၏အချက်အလက်များကို စုံစမ်းရှာဖွေနေသည်။ ချန်းရီကုမ္ပဏီ၏သတင်းအချက်အလက်ကွန်ရက်များကလည်း သူ၏ကိုယ်ရေးကိုယ်တာအကြောင်းအရာများကို စုဆောင်းပေးနှင့်ပြီးဖြစ်၏။

'ကပ္ပတိန်'၏အမည်အရင်းမှာ လုကျုံးယွီဖြစ်၏။ တစ်ကိုယ်တည်းသမားဖြစ်ကာ ရှန်းတုံး၌ နေထိုင်သည်။ ကြောင်တစ်ကောင် မွေးထားပြီး အားကစားပစ္စည်းရောင်းသည့်ကုမ္ပဏီ၌ အလုပ်လုပ်ခဲ့၏။ သို့သော် ယခုနှစ် မတ်လ၌ နှုတ်ထွက်ခဲ့လေသည်။

ကျိုးလော့ယန်က အမေးပြုလိုက်၏။

"မင်းတို့ ဘာတွေပြောဖြစ်လဲ?"

"မင်းအကြောင်း.. ပြီးတော့ ငါတို့ဘာတွေလုပ်ဖြစ်လဲလို့ မေးတယ်.. တောင်တက်တာဖြစ်ဖြစ်၊ ခရီးသွားတာဖြစ်ဖြစ် တူတူသွားကြမယ်ဆိုပြီး ငါတို့ကို ဖိတ်ထားသေးတယ်"

ကျိုးလော့ယန်က လုကျုံးယွီ၏WeChat Momentsများကို ကြည့်လိုက်သည်။

"သူတော်စင်လေးနဲ့ တွဲနေပြီလား?"

တုကျင့်က ပြန်ဖြေ၏။

"မသေချာသေးဘူး.. ကျောင်းလီတော့စောင့်ကြည့်နေတယ်"

ထျန်းတိပိုင်ကျူ (Transl.)Tempat cerita menjadi hidup. Temukan sekarang