~{18}~

316 64 1
                                    

UNICODE

လေ့ကျင့်ခန်းလုပ်တာက
ခန္ဓာကိုယ်အတွက် ကောင်းတယ်

အနာဂတ်

ထိုညက တုကျင့်မှာ ရှင်းရှင်းဟိုတယ်၌ ကုတင်အကြီးကြီးပါရှိသည့် အခန်းတစ်ခုကို ငှားရမ်းလိုက်၏။

ညဥ့်သန်းခေါင်ယံရောက်သော် ကျိုးလော့ယန်မှာ မွေ့ယာပေါ်သို့ ဗုန်းခနဲ ပစ်လှဲလိုက်သည်။ တုကျင့်က ကျိုးလော့ယန်နည်းတူ လိုက်လှဲရာ ကျိုးလော့ယန်လည်း ဘေးသို့ ဗက်ခနဲ တိမ်းစောင်းလိုက်၏။

"မွေ့ယာက အိစက်နေတာပဲ"

တုကျင့်က ဤသို့ပြောရင်း ဖုန်းကို ထုတ်ကြည့်သည်။ တုကျင့်မှာ ယခုကဲ့သို့သော ညကြီးမိုးချုပ်အချိန်၌ပင် မျက်လုံးအပြူးသား နိုးကြားနေလေ၏။

ကျိုးလော့ယန်က အိပ်ယာပေါ်၌ ကျွမ်းထိုးဆော့ကစားရင်း ဆိုသည်။

"အိပ်တော့လေ"

"အိပ်လို့မရသေးဘူး.. ငါ ရေမိုးချိုးပြီးရင် လုပ်စရာအလုပ်တွေ​ ရှိသေးတယ်.. မင်း အရင် အိပ်နှင့်"

တုကျင့်မှာ နေ့လယ်ကတည်းက ကျိုးလော့ယန်​၏ပေါင်ပေါ်၌ အိပ်ရေးဝနှင့်ပြီးဖြစ်သော်ငြား ကျိုးလော့ယန်မှာတော့ အလွန်တရာ ပင်ပန်းနေခဲ့သည်။ သို့နှင့် တုကျင့်က ဝူရှင်းဖျင့်၏အသံတုန်နှုန်းများကို ခွဲခြမ်းစိတ်ဖြာရန် ကွန်ပျူတာဆော့ဝဲလ်များကို အသုံးပြုနေခိုက် ကျိုးလော့ယန်မှာ အိပ်ချင်မူးတူးဖြင့် နားစိုက်ထောင်နေ၏။ တုကျင့်က အသံတုပစက်ကို အသုံးပြုကာ ဝူရှင်းဖျင့်၏သံနေသံထားအတိုင်း လိုက်လံပြောဆိုကြည့်လေသည်။ ပြီးဆုံးသည့်နောက် WeChat ပေါ်၌ ထိုအသံဖိုင်အား အစမ်းဖွင့်ကြည့်နေလေသည်။

ခေတ္တကြာသော် ဝူရှင်းဖျင့်နှင့်အဆက်အသွယ်ရှိနေဆဲ အကောင့်နှစ်ခုထံသို့ တူညီသော အသံဖိုင်မက်ဆေ့ချ်များကို ပို့လိုက်၏။

ကျိုးလော့ယန်က ဆိုပါသည်။

"မင်း ဝူရှင်းဖျင့်ကို မလွှတ်ပေးလိုက်သင့်ဘူး.. ငါ သွားခိုင်းလို့လို့တော့ မပြောနဲ့တော့နော်!"

ထျန်းတိပိုင်ကျူ (Transl.)Donde viven las historias. Descúbrelo ahora