~{26}~

298 60 9
                                    

UNICODE

ဥက္ကဌတု၏အမိန့်ကို ကျိုးနွံစွာ နာခံခြင်း

ပစ္စုပ္ပန်

ကျိုးလော့ယန်မှာတော့ ဇွဲနပဲကြီးစွာဖြင့် အလျှော့မပေးစတမ်း မေးမြန်းနေတော့သည်။

"မင်းတို့ ကုမ္ပဏီမှာ အလုပ်ခေါ်သေးလား....လို့? ငါ လက်ဖက်ရည်ဖျော်တတ်တယ်..ရေဖြည့်တတ်တယ်.. ဘော့စ်အားလုံးအတွက် အဝတ်အစားတွေလည်း မီးပူတိုက်ပေးမယ်"

ဤသည်က ယခုရက်ပိုင်းအတွင်း ကျိုးလော့ယန်၏အမေးအများဆုံး မေးခွန်းပင် ဖြစ်ချေသည်။

တုကျင့်မှာတော့ နစ်နာသူများ၏ကိုယ်ရေးအကျဥ်းမှတ်တမ်းများကို ဂရုတစိုက် ဖတ်ရှုနေဆဲ။ ခေါင်းမထောင်ဘဲ ကျိုးလော့ယန်အား ပြောလိုက်လေ၏။

"မင်းရဲ့အခုတလောဝါသနာက မီးပူတိုက်တာလား? တစ်ယောက်ယောက်ရဲ့အိပ်မက်က ရှေးဟောင်းပစ္စည်းအရောင်းဆိုင်လေး ဖွင့်ဖို့လို့ ရေးတေးတေးလေး မှတ်မိနေသလိုပဲ"

ကျိုးလော့ယန်မှာ ချက်ချင်းလက်ငင်း ငြင်းဆန်လိုက်သည်။

"ဘာအိပ်မက်တုန်း? အဲ့လိုတစ်ခါမှ မတွေးခဲ့ဖူးပါဘူး.. ငါ့ရဲ့အိပ်မက်က မီးပူတိုက်ဖို့ရယ်၊ အိမ်မှုကိစ္စလုပ်ဖို့ရယ်ပဲ"

တုကျင့် : "......"

ကျိုးလော့ယန်က တုကျင့်၏ ကုတ်အင်္ကျီနှင့် ရှပ်အင်္ကျီများကို မီးပူတိုက်လျက် အဆိုပြု၏။

"ဝမ်မြို့တော်ရဲ့ဆောင်းရာသီက တော်တော်အေးတယ်.. ငါ မင်းအတွက် အဝတ်အစားထူထူထဲထဲလေးတွေ ဝယ်ပေးရမယ်.. ဥက္ကဌတုက အောက်ခံဘောင်းဘီရှည် ဝတ်တတ်ပါသလား ခင်ဗျာ?"

တုကျင့်မှာ နောက်ဆုံးတော့ ကျိုးလော့ယန်အား ခေါင်းမော့ကြည့်လာတော့သည်။

"ဘာလို့များ ငါ့အပေါ် မင်းရဲ့သဘောထားက မသိမသာလေး ပြောင်းသွားတယ်လို့ ခံစားနေမိတာပါလိမ့်?"

ကျိုးလော့ယန်မှာတော့ စိတ်ပျက်လက်ပျက် ညည်းညူနေ၏။

"မှန်ပါတယ်.. ငါက သာမန်လူလေးပါ.. အမြဲတမ်း သာမန်လူလေးပါပဲ"

ထျန်းတိပိုင်ကျူ (Transl.)Où les histoires vivent. Découvrez maintenant