~{30}~

370 61 5
                                    

UNICODE

ငါ့ဝန်ကို ကူထမ်းပေးတဲ့အတွက် ကျေးဇူးပါ

ပစ္စုပ္ပန်

စက်တင်ဘာ (၃၀)ရက်နေ့၊ နံနက်ခင်း :

ကျိုးလော့ယန်၏အတွေးများက ဟိုတစ်စ၊ သည်တစ်စနှင့် ဝရုန်းသုန်းကားဖြစ်နေတော့သည်။ အနှီအကြောင်းအရာများကို လှန်လှောတွေးတောရန် ကြိုးပမ်းသည့်တိုင် မည်သည့်နေရာမှ စတင်ရမည်မှန်း သူမသိ။

တစ်ဖက်တွင်တော့ တုကျင့်ဟာ ကိစ္စအားလုံးကို ဟန်ချက်မပျက်ဆောင်ရွက်နေ၏။ ကျိုးလော့ယန်အား ဆိုင်၌ ချပေးပြီးသည်နှင့် ကျိုးလော့ယန်၏စိတ်အစဥ်ကို ပြန်လည်တည်ငြိမ်စေမည့် စကားတစ်ခွန်းကို ဆိုလိုက်သည်။

ကျိုးလော့ယန်က မေးမြန်းလေ၏။

"မင်း ဘယ်လိုလုပ် ဒီလောက်အေးဆေးနေနိုင်ရတာလဲ?"

"မင်းကရော ဘာလို့ အဲ့လောက်ခေါင်းပူနေရတာလဲ?"

တုကျင့်က ဣန္ဒြေမပျက်စွာဖြင့် ကျိုးလော့ယန်၏မေးခွန်းကို ပြောင်းပြန်လှန် ပြန်မေးလိုက်သည်။ ထို့နောက် တုကျင့်က 'Closed'ဟူသည့် ဆိုင်းဘုတ်ငယ်လေးအား နောက်တစ်ဖန် ထပ်လှန်လိုက်၏။ အချိန်စီးကြောင်း၌ ဒုတိယအကြိမ်မြောက် ဆိုင်ဖွင့်လှစ်ခြင်းကို သက်သေသက္ကာရပြုလိုက်သလို။

ကျိုးလော့ယန်က တံခါးပေါက်ဝ၌ မလှုပ်မယှက် တန့်နေလေသည်။ တုကျင့်က ဆို၏။

"ဘာလို့လဲဆိုတော့ လုပ်ပိုင်ခွင့်အားလုံးက ငါတို့လက်ထဲမှာပဲ ရှိနေတာလေ"

ထိုအဆိုပြုချက်လေးက ကျိုးလော့ယန်၏စိုးရိမ်ပူပန်မှုများကို အချိန်အတိုင်းအတာတစ်ခုအထိ ပြေလျော့သွားစေခဲ့သည်။ တုကျင့်က မည်သည်ကိုဆိုလိုချင်မှန်း သူ သဘောပေါက်ပါသည်။ လက်ပတ်နာရီနှင့် အချိန်ပြောင်းပြန်စီးဆင်းမှုများက သူတို့၏ထိန်းချုပ်မှုအောက်၌ရှိနေခြင်းဟာ သူတို့နှစ်ဦးအား သေလုခမန်းဘေးအန္တရာယ်သို့ ကျရောက်စေမည်မဟုတ်သလို၊ ပြုပြင်ပြောင်းလဲ၍မရတော့မည့်အခြေအနေများ၌ ပိတ်မိနေမည်မဟုတ်တော့ချေ။

တုကျင့်က ပြောလေသည်။

"မင်း သဘောရှိတယ်ဆိုရင် မင်းအဖေ အက်ဆီးဒင့်ဖြစ်ခဲ့တဲ့နေ့ကိုတောင် ပြန်သွားလို့ရတယ်.. အချိန်နောက်ပြန်သွားပြီး မင်းအဖေကို ကယ်ဖို့လိုတယ်လို့ ထင်လား?"

ထျန်းတိပိုင်ကျူ (Transl.)Where stories live. Discover now