~{21}~

305 58 1
                                    

UNICODE

ချင့်ဟွိုင်မြစ်

ပစ္စုပ္ပန်

ညကိုးနာရီခွဲအချိန် :

SUV ကားက မြေအောက်ကားပါကင်၌ ရပ်နားထား၏။ သက်လတ်ပိုင်းလူကြီးက ဝူရှင်းဖျင့်အား ခေါ်ထုတ်သွားသည်။ ကားဒရိုင်ဘာမှာလည်း အိမ်သာသွားရန်အတွက် အင်ဂျင်မပိတ်ဘဲ သည်အတိုင်း ထွက်သွားလေသည်။ အစကနဦး၌ ကျိုးလော့ယန်က နောက်ထပ်မိနစ်အနည်းငယ်အထိ စောင့်ဆိုင်းချင်သေးသော်ငြား တုကျင့်က မော်တော်ကားပစ္စည်းသိုလှောင်သည့်အကန့်မှ ကုပ်တွယ်တက်သွားပြီး ပါးစပ်ကလည်း တီးတိုးရေရွတ်လိုက်သေး၏။

__မြန်မြန်!

ကျိုးလော့ယန်က တုကျင့်အား တစ်စုံတစ်ရာကို အမေးပြုလိုဟန်ဖြင့် ကြည့်လိုက်သည်။ တုကျင့်က ခေါင်းညိတ်ပြ၏။ ဆိုလိုသည်က ယခုတွင် သူပို၍ နေသာထိုင်သာရှိနေပြီဖြစ်ကြောင်း၊ စိတ်ပူစရာမလိုတော့ကြောင်း။

ကျိုးလော့ယန်က လေသံဖွဖွလေးဖြင့် မေးလိုက်၏။

"သူတို့အရင်တက်သွားတာကိုတောင် မစောင့်တော့ဘူးလား?"

တုကျင့်က ပြန်ဖြေသည်။

"ဓာတ်လှေကားထဲမှာ စောင့်ကြည့်ကင်မရာတွေ အများကြီးပဲ.. ဓာတ်လှေကားထဲက တက်ရင် အဆင်မပြေလောက်ဘူး"

သက်လတ်ပိုင်းလူကြီးနှင့် ဝူရှင်းဖျင့်အတုအယောင်မှာ ဓာတ်လှေကားဆင်းအလာကို စောင့်ဆိုင်းလျက်ရှိ၏။ တုကျင့်က ကားအနောက်ဘက်ခြမ်းမှ ပြေးထွက်ကာ အရေးပေါ်လှေကားထွက်ပေါက်သို့ တိတ်တဆိတ် ဦးတည်သွားသည်။ ထို့နောက် စင်္ကြံလမ်းမှတစ်ဆင့် အရေးပေါ်လှေကား၏တံခါးနောက်၌ ဝင်ပုန်းကာ ဝန်းကျင်အခြေအနေကို စောင့်ကြည့်နေ၏။ နေရာအနေအထားကို တဒင်္ဂမျှ လေ့လာအကဲခတ်ပြီးနောက် အခြားလူများအလွယ်တကူမမြင်နိုင်မည့် နေရာတစ်ခုအား တွေ့ရှိသွားလေရာ ထိုနေရာမှတစ်ဆင့် ကိုယ်တစ်ပိုင်း ထွက်ပြ၍ ဝူရှင်းဖျင့်အယောင်ဆောင်သူအား သူ၏တည်ရှိမှုကို အသိပေးလိုက်လေသည်။

ဝူရှင်းဖျင့်အယောင်ဆောင်သူမှာလည်း လှည့်ကြည့်လိုက်၏။ တုကျင့်တို့ရောက်နေကြပြီဖြစ်ကြောင်း သိရှိသွားလေပြီ။

ထျန်းတိပိုင်ကျူ (Transl.)Where stories live. Discover now