~{22}~ (Part 1)

285 58 8
                                    

UNICODE

ဂေးနှစ်ယောက်ကဲ့သို့ နေထိုင်မှုဘဝ (ပထမပိုင်း)

ပစ္စုပ္ပန်

ထိုညက ကျောင်းလီ ကားနှင့်လာမကြိုခင်အချိန်အထိ သုံးယောက်သား ချင့်ဟွိုင်မြစ်ကမ်းပါး၌ တစ်နာရီနီးပါး ထိုင်လျက်စောင့်နေခဲ့ကြသည်။ ကားရောက်လာသည်နှင့် အကြွင်းမဲ့ ပင်ပန်းနွမ်းနယ်မှုများနှင့်အတူ ကျိုးလော့ယန်မှာ ကားအနောက်ခုံ၌ ဝင်ထိုင်လိုက်လေ၏။

ကျိုးလော့ယန်က ကားနောက်ခုံ၌ မှီထိုင်နေပြီးနောက် မေးမြန်းလိုက်သည်။

"ဟိုင်းဝေးလမ်းမပေါ်မှာ အစစ်ခံရဦးမှာလား?"

"ငါတို့ကိုယ်ပေါ်မှာ သွေးပေနေမှပါ"

တုကျင့်က ဤသို့ပြန်ဖြေကာ စုဆောင်းလာခဲ့သည့် အချက်အလက်များကို ဖိုင်တစ်ခုအတွင်း ထည့်သွင်းသိမ်းဆည်းပြီး ချန်းရီရုံးချုပ်ထံ ပေးပို့လိုက်၏။

ယခုအချိန်ထိ ကျိုးလော့ယန်၏နားအတွင်း၌ ကျည်ဆန်ပစ်ခတ်သံများကို ပဲ့တင်ထပ်ကြားယောင်နေဆဲ။

ကျောင်းလီက နန်ဖျင်းတောင်ပေါ်သို့ မောင်းတက်လာခဲ့၏။ ထို့နောက် ဘာဆိုဘာမှမလုပ်ဘဲ တစ်ပတ်ပတ်ပြီးသည့်နောက် ဟန်ကျိုးသို့ ဦးတည်မောင်းနှင်လေသည်။

ကျောင်းလီက လူငယ်လေးအား မေးမြန်းလိုက်၏။

"အစ်ကိုက ကျယ့်ကျန်းကလား? ဒီနားမှာ လက်ရာကောင်းတဲ့ စားသောက်ဆိုင်ရှိလား? ဒါမှမဟုတ် လည်လို့ကောင်းတဲ့ နေရာတစ်ခုခုပေါ့? ကျွန်တော်က ဒီကို အခုမှ ရောက်ဖူးလို့"

အရှေ့ဘက်ခရီးသည်ခုံ၌ ထိုင်နေသည့် လူငယ်လေးမှာ ပုံစံလောင်းထားသည့် ဖယောင်းသားမျက်နှာဖုံးကို ခွာချလိုက်သည်။ ယခုအချိန်၌ ရုပ်ဖျက်ထားစရာလည်း မလိုတော့သည်ပဲ။ ရဲများက ဝူရှင်းဖျင့်အား ဖမ်းမိန့်ချထားသည်ကို အတပ်မသိသော်ငြား ဝူရှင်းဖျင့်မျက်နှာနှင့်ဖြစ်နေသောကြောင့် စစ်ဆေးအမေးမြန်းခံရမည်ကိုတော့ မလိုလားပါချေ။

ကျောင်းလီက လူငယ်လေးအား လှည့်ကြည့်လိုက်၏။

"အိုး..."

ထျန်းတိပိုင်ကျူ (Transl.)Where stories live. Discover now