UNICODE
ကြုံရာကျပန်းလူတစ်ယောက်ကို သတ်ပစ်ဖို့
ပစ္စုပ္ပန်
ဝင်္ကပါလျှောက်လမ်းက မရှုပ်ထွေးသည့်တိုင် ဝန်းကျင်၏အမှောင်ထုကြောင့် သွားလမ်းတစ်လျှောက် နှောင့်နှေးခက်ခဲရသည်။ ကြေးစားကပ္ပတိန်က လက်နှိပ်ဓာတ်မီးကိုယူကာ သူတော်စင်၏လက်ကို ဆွဲကိုင်လျက် အရှေ့ဆုံးသို့ လျှောက်လှမ်းသွား၏။ တုကျင့်နှင့် ကျိုးလော့ယန်တို့က အနောက်မှ ကပ်လျက်လိုက်ပါလာကြသည်။ ပရော်ဖက်ဆာနှင့် ရုက္ခဗေဒပညာရှင်တို့က နောက်ပိတ်ဆုံးမှ လိုက်လာကြ၏။
နေရာက အတော်အတန် ကျဥ်းမြောင်းလှသည်။ အနောက်သို့ ချော်လဲမကျစေရန် လူအားလုံးက ဓာတ်မီးကိုင်ဆောင်ထားသည့် သူတော်စင်နှင့် ကပ္ပတိန်တို့အနောက်မှ နီးနီးကပ်ကပ် လိုက်ပါကြရ၏။ သို့သော်ငြား မီးအလင်းရောင်က ကပ္ပတိန်တို့နှစ်ဦးနှင့် ကွယ်နေ၍ အနောက်ဘက်သို့ အလင်းမရောက်။ ထိုအချိန်ဝယ် တုကျင့်က ကျိုးလော့ယန်အား ရုတ်ခြည်း ပြောလေသည်။
"ငါတို့ Universal Studios သွားခဲ့တုန်းက အချိန်ကို မှတ်မိလား?"
"မင်း အဲ့ဒီဟာနဲ့ပတ်သက်ပြီး အောက်ဖဲမလှန်ရင် ကောင်းမယ်နော်"
အဆုံးသတ်၌ ကျိုးလော့ယန်လည်း ရှက်စိတ်မွှန်ကာ စိတ်ကုန်သွားချေပြီ။ Universal Studios ရှိ Walking Dead ရုံကြီးထဲတွင် အကြောက်လွန်နေသည့် ကျိုးလော့ယန်က တုကျင့်တစ်ကိုယ်လုံးအား ဖက်တွယ်ထားခဲ့၏။ နောက်ဆုံးတော့ တုကျင့်ကသာ သူ့အား ပွေ့ချီခေါ်သွားခဲ့ရသည်ပင်။
ပရော်ဖက်ဆာက ဆိုလာ၏။
"ငါ သတိထားမိသလောက်တော့ မင်းတို့ အောက်ပုဂ္ဂိုလ်တွေအကုန်လုံး အမှောင်ကို ကြောက်ကြတဲ့ပုံပဲ"
အရှေ့ဆုံးမှ ဦးဆောင်လျှောက်လှမ်းနေသည့် သူတော်စင်က ပြန်ပြောလေသည်။
"ကျွန်တော်တော့ အဲ့ထဲမပါပါဘူး"
ကျိုးလော့ယန်လည်း ဝင်ပြော၏။
"ရိုးရိုးသားသားပြောရရင် ကျွန်တော်လည်း မကြောက်ပါဘူး.. ကျွန်တော်က ဒီအတိုင်းမှောင်နေတာကြီးကိုတော့ မကြောက်ဘူး.. အဲ့အမှောင်ထဲက ဘွားခနဲ ထွက်လာမယ့်ဟာကြီးကို ကြောက်တာ"
YOU ARE READING
ထျန်းတိပိုင်ကျူ (Transl.)
Science FictionOriginal Author : Fei Tian Ye Xiang Myanmar Translation of Tiandi Baiju/ 天地白驹/ Time Goes By and Love Never Disappears Chapters : 74 Genre : Modern, Romance, Sci-fi, Action, Mystery, Psychological Eng translator : beansprout (already got...