~{34}~

243 42 13
                                    

UNICODE

အစ်ကို့မှာလည်း ချန်းရီမှာ အလုပ်လုပ်နေတဲ့
သူငယ်ချင်းကောင်းတစ်ယောက်ရှိတယ်..
သူ့မျိုးရိုးနာမည်ကလည်း ကျိုးပဲ

ပစ္စုပ္ပန်

ကြေးစားကပ္ပတိန်က ဤသို့ မေးလိုက်၏။

"ကလေး မင်းရဲ့သေနတ်က စိတ်ချရတာ သေချာရဲ့လား?"

ကျိုးလော့ယန်လည်း သေနတ်ကို ကမ်းပေးရင်း အမေးပြုလိုက်သည်။

"စစ်ကြည့်မလား? အဲ့ဒါက အတုဆိုတာ ကျွန်တော် ရာနှုန်းပြည့်ယုံတယ်.. ရေသေနတ်သက်သက်ပဲ"

တုကျင့်က ဝင်ပြော၏။

"သူ့ကို သွားမပေးနဲ့"

ကျိုးလော့ယန်က တွေးလိုက်လေသည်။

__ငါကတော့ တကယ့်ပွဲဖျက်လေးပါလား။

သို့သော်ငြား ကပ္ပတိန်က အဆင်ပြေကြောင်း လက်ဟန်ပြလိုက်၏။ ဆိုလိုသည်က ကျိုးလော့ယန်၏စကားကို ယုံကြည်သည်ဟူ၍။ ထို့နောက် နှုတ်မှ ဖွင့်ဟပြောလိုက်၏။

"ပစ်တော့"

သူတော်စင်လေးက ကြည့်ရသည်မှာ စိတ်သက်သောင့်သက်သာရှိနေပုံမရ။ ကျိုးလော့ယန်လည်း မောင်းတင်လိုက်၏ -- ထိုသို့လုပ်လိုက်သည့်အခိုက် အခန်းတစ်ခန်းလုံး ဒိုင်းခနဲ အသံဖြင့် လွှမ်းမိုးသွားလေသည်။

သူတော်စင်လေးနှင့် ရုက္ခဗေဒပညာရှင်တို့မှာ ကြောက်အားလန့်အားဖြင့် ကမူးရှူးထိုး အော်ဟစ်တော့၏။ ကြောက်ဒူးတုန်နေသည့် ကပ္ပတိန်ခမျာလည်း ယခုမှ စိတ်လျှော့သက်ပြင်း ချနိုင်သွားတော့သည်။ ကျိုးလော့ယန်ကိုယ်တိုင်ကတော့ အဆိုးရွားအကြီးမားဆုံးသော အကြောက်တရားကို ပွေ့ပိုက်ထားရခြင်းပင်။

"အဲ့လိုမျိုး လုပ်မှကို ရမှာလား? တကယ်ပါပဲ!"

ကျိုးလော့ယန် မှန်းဆထားသည့်အတိုင်းပင် သေနတ်၌ အနီအောက်ရောင်ခြည်ထိန်းချုပ်စက်ပါလေသည်။ ခလုတ်နှိပ်လိုက်သည်နှင့် ဒိုင်းခနဲ အသံတစ်ခုက ရုတ်ခြည်းထွက်ပေါ်လာ၏။ အသံက ယုတ္တိဆန်လွန်း၍ ကျိုးလော့ယန်ခမျာ နှလုံးက ရင်ဘတ်ထဲမှ ပြုတ်ထွက်ကျမတတ် ထိတ်လန့်သွားရသည်။

ထျန်းတိပိုင်ကျူ (Transl.)Where stories live. Discover now