~{12}~

412 78 15
                                    

UNICODE

မင်းလွန်ခဲ့တဲ့သုံးနှစ်ထဲ ဘာတွေလုပ်နေခဲ့တာလဲ

ပစ္စုပ္ပန်

အချိန်မှာ ညနေငါးနာရီဖြစ်၏။ တုကျင့်က ဖုန်းပြောရင်း ကားမောင်းနေခဲ့သည်။

ဖုန်းထဲမှ အသံပိုင်ရှင်က ပြော၏။

"သွား.. ယွီကျန့်ချန်ပြောတဲ့အတိုင်းသာလုပ်နေ.. မှုခင်းရဲတွေနဲ့ သွားတိုးရင်လည်း ငါတစ်ခုခုစီစဥ်ပေးမယ်.. မင်းတာဝန်အတွက် ရှောင်လီ့ကိုပါ ခေါ်သွားသင့်ပြီ မထင်ဘူးလား.. မင်းက အမြဲ သူ့ကို ချန်၊ချန်ရစ်ခဲ့တော့ သူ့ခမျာ ရုံးခန်းထဲမှာ ကျောက်ရုပ်ကြီးတစ်ရုပ်လိုပဲ"

တုကျင့်က ပြန်ပြောသည်။

"ရှောင်လီက ကျွန်တော့်လက်ထောက်လား.. ဆရာ့လက်ထောက်လား"

ဖုန်းတစ်ဘက်မှ အကြီးအကဲက ဆို၏။

"ငါက သတိပေးရုံပဲ"

တုကျင့် ချန်းယီအဆောက်အုံရှေ့၌ ကားရပ်လိုက်ရာ ကျောင်းလီလည်း ချက်ချင်း ကားတံခါးဆွဲဖွင့်၍ ဝင်ထိုင်၏။

ကျောင်းလီက နှုတ်ဆက်လိုက်သည်။

"ဟိုင်း.. ကျင့်ကော"

တုကျင့်က ကားဆက်မမောင်းသေးဘဲ အေးတိအေးစက် ပြော၏။

"အနောက်ခုံ"

ကျောင်းလီက မျက်လုံးလေးကလယ်ကလယ်ဖြင့် တုကျင့်အား ကြည့်လိုက်၊ တစ်ဖန် အနောက်ခုံအား လှည့်ကြည့်လိုက် လုပ်နေရာ တုကျင့်က ဆတ်ခနဲ ပြောလိုက်၏။

"မင်းကို အနောက်ခုံမှာ သွားထိုင်ဖို့ ပြောတာ.. လူစကား နားမလည်ဘူးလား"

ကျောင်းလီခမျာ ကြောက်အားလန့်အားဖြင့် ထိုင်ခုံခါးပတ်ဖြုတ်၍ အနောက်ဘက်သို့ ပြေးဝင်သွားတော့သည်။ ရုတ်ခြည်း ထိတ်လန့်သွားမှုကြောင့် ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်နေသေး၏။

ထိုအချိန်၌ ဖုန်းဝင်လာရာ တုကျင့်က ဖုန်းမျက်နှာပြင်အား ဖျတ်ခနဲ လှမ်းကြည့်ပြီး စပီကာခလုတ်ကို ဖွင့်လိုက်သည်။

ကျိုးလော့ယန်က မေး၏။

"ဘယ်မှာလဲ?"

တုကျင့်က လေးတိလေးတွဲဖြင့် ပြန်ဖြေသည်။

ထျန်းတိပိုင်ကျူ (Transl.)Where stories live. Discover now