~{27}~

266 59 3
                                    

UNICODE

ဆိုင်ခန်းရဲ့မျက်ပွင့်ရတနာက ကျွန်တော့်ဘော့စ်ရဲ့လက်ကောက်ဝတ်မှာပါ

အနာဂတ်

ထိုနေ့တွင် တုကျင့်ကိုင်တွယ်သည့်အမှုက သံရုံး၌ပင် လုံးဝဥဿုံရပ်တန့်သွားခဲ့သည်။ ကမ္ဘောဒီးယားခရီးသွားဗီဇာကို ရရှိရန် လွယ်ကူသော်ငြား အဖော်မပါဘဲ တစ်ကိုယ်ထီးတည်းသွားကာ စုံစမ်းစစ်ဆေးရမည်မှာ လွန်စွာ အရဲစွန့်ရာကျလွန်း၏။

ထို့ကြောင့် ကမ္ဘောဒီးယားပြည်တွင်းအစိုးရဌာနအပါအဝင် တရုတ်ပြည်တွင်းသံရုံးတို့ ပူးပေါင်းပါဝင်လာရန် ဖိအားပေးဖို့ရာအတွက် ပြင်သစ်သံရုံး၏အကူအညီကို လိုအပ်ခဲ့သည်။ အမှန်တကယ်တော့ ဟိုချီမင်းမြို့ရှိ တရုတ်သံရုံးမှာ လိုအပ်လာသည်များကို ကူညီဆောင်ရွက်ပေးရန် အသင့်ရှိနေတတ်သော်လည်း အထက်ကို စာတင်၊ အထက်အမိန့်ကို ထိုင်စောင့် စသည်ဖြင့် အထွေထွေကိစ္စများက အချိန်ကုန်လူပန်းဖြစ်စေ၏။

နောက်ဆုံးတွင်တော့ စက်တင်ဘာလကုန်သို့ ရောက်သည့်အခါ မြေရှင်က ကျိုးလော့ယန်၏တောင်းဆိုချက်ကို လက်ခံလိုက်သည်။

ထို့ကြောင့် ဆိုင်ဖွင့်ရန်အတွက် တုကျင့်၏စုဆောင်းငွေထဲမှ ဒေါ်လာသုံးသိန်းကိုသာ ပေးချေရန် လိုအပ်ခဲ့၏။

__ငါ ပိုက်ဆံရှာမှ ဖြစ်မယ်။ ဒီလိုပုံမျိုးနဲ့ဆိုရင် တုကျင့်အတွက်လည်း မတရားဘူး...။

ကျိုးလော့ယန်၌ မိမိကိုယ်ကိုယ် အပြစ်တင်စိတ်များ ဝင်လာရသည်။ တုကျင့်က လာမည့်လစာကို အောက်တိုဘာလကုန်မှသာ ရရှိတော့မည်ဖြစ်သည်။ ထိုမတိုင်ခင်တောင် ယာယီ ငွေပြတ်လပ်သွားနိုင်၏။ ဝက်သားဈေးနှုန်းကလည်း မြင့်တက်သွားချေပြီ။ ထိုနည်းလည်းကောင်းပင် အမဲသား၊ သိုးကလေးသားတို့လည်း အပါအဝင်။ ကျိုးလော့ယန်မှာလည်း ရွေးချယ်စရာပင် မရှိတော့ဘဲ တုကျင့်အား သက်သက်လွတ်ဟင်းလျာများကိုသာ ချက်ပြုတ်ကျွေးမွေးရလေသည်။ ကံကောင်းစွာဖြင့်ပင် တုကျင့်ကတော့ ထိုအရာကို သတိမထားမိ။ သူဟာ ကျိုးလော့ယန် ချက်ကျွေးသမျှကို စားကာ အနှီအရာဖြင့်ပင် အမြဲတစေ ကျေနပ်နေပုံရ၏။

ထျန်းတိပိုင်ကျူ (Transl.)Hikayelerin yaşadığı yer. Şimdi keşfedin