~{6}~

479 89 8
                                    

{Unicode}

ငါ အခုထိ Single ပဲ.. ဘယ်သူ့ဘဝကိုမှ မဖျက်ဆီးရသေးဘူး

ပစ္စုပ္ပန်

ညဆယ်နာရီခွဲအချိန်ဖြစ်သည်။ ကားအား ယွီကျန့်ချန်၏ ကုမ္ပဏီအဆောက်အအုံရှိ မြေအောက်ကားပါကင်၌ ရပ်နားထားခြင်း ဖြစ်​၏။

"ငါတို့ တစ်နေ့ထဲမှာပဲ ပိတ်မိနေမှာတော့ မဟုတ်ပါဘူးနော်?"

ကျိုးလော့ယန်မှာ သူကြည့်ခဲ့ဖူးသော အချိန်ခရီးသွား ဇာတ်လမ်းများအား ပြန်လည်တွေးတောကြည့်မိသည့်အခါ ရုတ်တရက်ကြောက်စိတ်မွှန်လာတော့သည်။

ယခုဆိုလျှင် တုကျင့် မအိပ်စက်ရသေးသည်မှာ (၄၈)နာရီတိုင်ခဲ့ပြီဖြစ်သော်ငြား လုံးဝနိုးကြားနေ၏။

"ဒီနေ့မှ မပြီးသေးပဲ.. စောင့်ကြည့်တာပေါ့"

ကျိုးလော့ယန်က မေး၏။

"အဲ့ဒါက ဘာလို့ မင်းနဲ့ငါနဲ့မှာမှ လာဖြစ်ရတာလဲ?"

ယခုထိတိုင် ကျိုးလော့ယန်မှာ အိပ်မက်မက်နေသေးသကဲ့သို့ မသေချာမရေရာမှုများဖြင့် ပြည့်နှက်နေဆဲ။

တုကျင့်က လိုရင်းတိုရှင်း ပြန်ဖြေလိုက်သည်။

"မသိဘူး"

ရုတ်ခြည်းဆိုသလို ကျိုးလော့ယန်က တုကျင့်၏ လက်အား ဆုပ်ကိုင်လိုက်ပြီး သံသယမျက်လုံးများဖြင့် စိုက်ကြည့်လာ၏။ တုကျင့်မှာ ကျိုးလော့ယန်၏ မျက်ဝန်းထဲ ကြည့်လိုက်ရုံဖြင့် သူ မည်သည်ကို ဆိုလိုချင်မှန်း ကောင်းကောင်း နားလည်ပါသည် - မင်းကရော တကယ်ရှိနေတာ ဟုတ်ရဲ့လား

သူတို့နှစ်ဦးကြားရှိ အပြန်အလှန်ခင်မင်ရင်းနှီးမှုမှာ ရိုးရိုးရှင်းရှင်းလေးနှင့် လွန်စွာခိုင်မြဲလှချေသည်။ နှစ်ပေါင်းများစွာ ကွဲကွာသွားသည့်တိုင် ထိုရင်းနှီးမှုလေးမှာ လုံးဝလျော့နည်းသွားခြင်း မရှိခဲ့။

တုကျင့်က ဖြည်းဖြည်းလေး ပြန်ပြော၏။

"ဟုတ်ပါတယ်... ငါက တကယ်ရှိနေတာပါ.. အနည်းဆုံးတော့ ဒီအချိန်မှာ မင်းရော ငါရော တကယ်ရှိနေကြတာပဲ"

ထျန်းတိပိုင်ကျူ (Transl.)Donde viven las historias. Descúbrelo ahora