~{13}~

409 80 9
                                    

UNICODE

ငါတို့ကို မမိမချင်း အဲ့ဒါကို ထည့်ထွက်စရာမလိုဘူး

ပစ္စုပ္ပန်

ကျိုးလော့ယန်သည်လည်း တုကျင့်နှင့်အတူ ပေါင်းခံချွေးထုတ်ခန်းထဲ ဝင်လာခဲ့၏။ အခန်းမီးရောင်ကြောင့် ပတ်ဝန်းကျင်အား မှုန်ရီမှုန်ဝါးလေး မြင်နေရသေးသော်လည်း ဝူရှင်းဖျင့် ယခုထိ ထွက်ပေါ်မလာသေး။

ကျိုးလော့ယန်မှာ​ လောလောလတ်လတ်၌ သူတို့အား စောင့်ကြည့်နေသည့် မျက်ဝန်းအစုံများ မရေမတွက်နိုင်အောင် ရှိနေကြောင်း ခံစားမိ၏။

တုကျင့်အား မေးလိုက်သည်။

"သူ ထွက်မလာသေးရင် ဘယ်လိုလုပ်မလဲ?"

တဘက်က တုကျင့်၏ခါးနှင့်ပေါင်တံအား မြဲမြံစွာ ရစ်ပတ်ထား၏။ တုကျင့်က ပြန်ဖြေသည်။

"ဒါဆိုလည်း ရေချိုးပြီးတာနဲ့ အိမ်ပြန်အိပ်မယ်လေ"

ကျိုးလော့ယန်က စိတ်ထဲမှ တွေးမိ၏။

__ဒီလိုနေရာမျိုးမှာ အလုပ်လာလုပ်ရတာလည်း စိတ်ဝင်စားဖို့တော့ ကောင်းသား။

ထို့နောက် ကျိုးလော့ယန်က တုကျင့်ဘက် ခေါင်းလှည့်ကာ ဆိုသည်။

"လဲ့ယောင်က အခုမှ ကျောင်းစတက်တာဆိုတော့ အခုထိ သူ့ကို စိတ်ပူနေမိတုန်းပဲ"

"ဒါပေမဲ့ လဲ့ယောင်က အမှီအခိုကင်းကင်းနဲ့ နေတတ်ဖို့ကို သင်ရဦးမယ်လေ.. မဟုတ်ရင် သူ ချိန်းတွေ့တာမျိုးတွေ၊ တစ်အိုးတစ်အိမ် ထူထောင်တာမျိုးတွေ ဘယ်လို လုပ်နိုင်မှာလဲ.. အလုပ်ရှာပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လို ထောက်ပံ့နိုင်ဦးမလဲ.. ငါဆို (၁၂)နှစ်ကတည်းက အိမ်ကထွက်လာပြီး ဘော်ဒါဆောင်မှာ နေခဲ့တာ.. လဲ့ယောင်က သူ့တစ်ဘဝလုံးစာကို စောင့်ရှောက်ပေးမယ့်လူကို လိုချင်တာမဟုတ်ဘူး.. ကျန်းမာပြီး သာမန်လူတစ်ယောက်လို အဆက်ဆံခံရဖို့ လိုအပ်တာ"

"မင်းနဲ့ မတူဘူးလေ"

ကျိုးလော့ယန်မှာတော့ ပြန်လည်ချေပဖို့ရန်ပင် အားအင်ကုန်ခမ်းနေပြီ။ အနည်းဆုံးတော့ တုကျင့်၌ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုမှ မရှိခဲ့သည်ပဲ။

ထျန်းတိပိုင်ကျူ (Transl.)Hikayelerin yaşadığı yer. Şimdi keşfedin