~{16}~

437 75 14
                                    

UNICODE

သူဟာ ကျင့်အတွက်
ကိုယ်တိုင်တွေးထင်ထားသည်ထက်
ပိုမိုအရေးပါနေခဲ့လေသည်

အတိတ

ကျိုးလော့ယန် အနှီစကားကို နှုတ်မှ ဖွင့်ဟပြောခဲ့စဥ်က တုံ့ဆိုင်းမှု တစ်စိုးတစ်စိမျှပင် ရှိမနေခဲ့။ မည်သို့မည်နှယ် အဓိပ္ပာယ်လွဲချော်သွားစေမှန်း သတိထားမိသည့်အခါမှ ထပ်မံဖြည့်စွက်ပြောလိုက်၏။

"ကျွန်တော်တို့တွေက သူငယ်ချင်းကောင်းတွေ ဖြစ်နှင့်ပြီးသား.. အခုလည်း နှစ်ယောက်ကြားမှာ အဆင်မပြေတဲ့ ကိစ္စရယ်လို့ မရှိဘူး.. ကျွန်တော့်အခန်းဖော်ကို ဂရုစိုက်ပေးနေရလို့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အချိန်တွေ အလဟဿဖြစ်ကုန်တယ်လို့လည်း တစ်ခါမှကို မတွေးဖူးတာ.. ကျွန်တော်ကိုယ်တိုင်ကိုက လိုလိုလားလား လုပ်ပေးချင်တာ"

ဒုပါမောက္ခချုပ်က တစ်စုံတစ်ရာထပ်မံပြောချင်နေသည့်ပုံပေါက်သော်လည်း ချီတုံချတုံဖြစ်နေ၏။ သူမ၏မေးခွန်းကို ကျိုးလော့ယန် ခန့်မှန်းမိပါသည်။

မင်းကသာ တုကျင့်ကို သူငယ်ချင်းလို့ တွေးနေတာ၊ တုကျင့်ဘက်ကရော မင်းကို ဘယ်လိုသတ်မှတ်မှာမို့လို့လဲ.. ဟူ၍။

သို့နှင့် ကျိုးလော့ယန် အပိုဆောင်း ပြောကြားလိုက်၏။

"တုကျင့်လည်း ကျွန်တော့်အတိုင်းပဲ သတ်မှတ်ထားတာပါ.. သူ့ကို သွားမေးနိုင်ပါတယ်"

ဒုပါမောက္ခချုပ်က ဆိုလေသည်။

"ကောင်းပြီလေ.. ငါတို့ထဲမှာ ဘယ်သူကမှ ဆရာဝန်ဟုတ်မနေဘူး.. ငါကတော့ ဆေးရုံက ပေးတဲ့ မှတ်တမ်းတွေကိုပဲ ယုံနိုင်တယ်"

ဟုတ်တိုင်းမှန်ရာပြောရမည်ဆိုလျှင် မတိုင်မီက ကျိုးလော့ယန်မှာ လူအများစုက မကျေနပ်မှုများ တိုင်ကြားလာခဲ့သည်ရှိသော် တက္ကသိုလ်က တုကျင့်အား စာလေ့လာမှု ရပ်တန့်စေပြီး အိမ်သို့ ပြန်စေလွှတ်မည် သို့မဟုတ် ကိစ္စဝိစ္စများ အမြစ်ပြတ်သွားစေရန် စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ပစ်မည် ကို စိုးရိမ်ပူပန်နေမိခဲ့သည်။ မည်သို့ပင်ဖြစ်လင့်ကစား ယခုအခြေအနေက တက္ကသိုလ်အပေါ်သို့လည်း ဖိအားသက်ရောက်မှု အလွန်ပြင်းထန်စေခဲ့သည်လေ။

ထျန်းတိပိုင်ကျူ (Transl.)Donde viven las historias. Descúbrelo ahora