UNICODE
လွန်ခဲ့သည့် နှစ်ဆယ့်လေးနာရီအချိန်သို့ တစ်ကျော့ပြန် ရောက်ရှိသွားကြခြင်း
အနာဂတ်
နေဝင်ဆည်းဆာချိန်ဟာ မှိုင်းပျကာ မှုန်ရီမှုန်ဝါးဖြစ်လျက်။ ကျိုးလော့ယန်က လူနှစ်ယောက်အား ကျင်းစီဘုရားကျောင်းအပြင်ဘက်သို့ ခေါ်ထုတ်လာခဲ့သည်။ သက်လတ်ပိုင်းလူကြီးက တစ်စုံတစ်ဦးထံ ဖုန်းဆက်သွယ်နေ၏။ ထိုစဥ် ကျိုးလော့ယန်နှင့် ဝူရှင်းဖျင့်အတုအယောင်အား ခေတ္တစောင့်ဆိုင်းနေရန် လက်ဟန်ပြလိုက်ကာ များမကြာမီတွင် ကျိုးလော့ယန်တို့အား တည်နေရာတစ်ခု ပြလာသည်။ ကျိုးလော့ယန်လည်း လမ်း၌ ဆိုင်လေးတစ်ဆိုင်ကို မြင်မိသော် ဆိုင်ပိုင်ရှင်အား ဟန်ကျိုးဒေသိယစကားဖြင့် မေးမြန်းလိုက်၏။ သက်လတ်ပိုင်းလူကြီးသည်လည်း ကျိုးလော့ယန်၏ဒေသိယသံအား ကြားလိုက်ရပြီးနောက် ကျိုးလော့ယန်နှင့် ဝူရှင်းဖျင့်အတုအယောင်တို့ စတွေ့တွေ့ချင်း၌ ဖန်တီးလိုက်သည့် လုပ်ဇာတ်အား လက်ခံယုံကြည်သွားလေသည်။
နောက်ပိတ်ဆုံး၌ သက်လတ်ပိုင်းလူကြီးမှာလည်း တည်နေရာအား ရှာတွေ့သွားခဲ့လေပြီ။ ချောင်ကျဝေးလံသည့် လမ်းဘေးတစ်နေရာ၌ ထိုင်ခုံခုနစ်ခုံတွဲပါသည့် Buick SUV ကားတစ်စီးက ရပ်နားထား၏။
သက်လတ်ပိုင်းလူကြီးက ဆိုသည်။
"တက်လာခဲ့လေ!"
ကျိုးလော့ယန်က ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်၏။ ပြန်တော့မည်ဟု လက်ဝှေ့နှုတ်ဆက်ပြမည်အပြု လူနှစ်ယောက်က ကျိုးလော့ယန် ဘေးတစ်ဖက်တစ်ချက်စီ၌ ပေါ်လာကာ ကျင့်သားရနေပြီဖြစ်သော လှုပ်ရှားမှုမျိုးနှင့် ကျိုးလော့ယန်၏ထွက်ခွာမှုအား ဟန့်တားလိုက်လေသည်။
ဝူရှင်းဖျင့်အယောင်ဆောင်ကလည်း ချက်ချင်း တုံ့ပြန်၏။
"ကျွန်တော့်အစ်ကိုဝမ်းကွဲကို လွှတ်ပေးလိုက်လေ"
ကျိုးလော့ယန်မှာလည်း စိတ်ရှုပ်ထွေးနေသလို အပီအပြင် ဟန်ဆောင်ရင်း မေးမြန်းလေသည်။
"ရှင်းဖျင့်.. မင်း ဘာအရှုပ်တွေ လျှောက်လုပ်ထားတာလဲ?"
သို့ပေတည့် သက်လတ်ပိုင်းအရွယ်လူကြီးက ကျိုးလော့ယန်အား ထွက်သွားခွင့် မပေးပါချေ။ စိတ်ပူချင်ယောင်ဆောင်ရင်း ကျိုးလော့ယန်ထံ ပြောကြားလေသည်။
VOCÊ ESTÁ LENDO
ထျန်းတိပိုင်ကျူ (Transl.)
Ficção CientíficaOriginal Author : Fei Tian Ye Xiang Myanmar Translation of Tiandi Baiju/ 天地白驹/ Time Goes By and Love Never Disappears Chapters : 74 Genre : Modern, Romance, Sci-fi, Action, Mystery, Psychological Eng translator : beansprout (already got...