~{20}~

291 59 3
                                    

UNICODE

ဒီလိုမျိုးဆို အချိန်ပိုလောက်သွားတာပေါ့

ပစ္စုပ္ပန်

ကျိုးလော့ယန်မှာ အမြန်ချက်ချင်း အိပ်ယာမှ ထထိုင်လိုက်၏။ တုကျင့်လည်း မျက်မှောင်ကျုံ့လျက် ကျိုးလော့ယန်ဘက် ဖျတ်ခနဲ လှည့်လိုက်သည်။ တုကျင့်မှာ အတွေးရေလှိုင်းများထဲ မျောပါနေသယောင်။

"တုကျင့်?"

ကျိုးလော့ယန်က တစ်စုံတစ်ခုအား အတည်ပြုလိုဟန်ဖြင့် တုကျင့်အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်၏။ တုကျင့်မှာ သူ့နည်းတူ မှတ်ဉာဏ်များက ဦးနှောက်ထဲ စွဲထင်ကျန်ရစ်နေသေးသလော သို့တည်းမဟုတ်...

တုကျင့်က ပြန်ပြော၏။

"တကယ် ငါပါ.. ဝူရှင်းဖျင့်ကိုယ်ခွဲက သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်"

အတိအကျပင်။ ဤသည်မှာ ကျိုးလော့ယန် အတည်ပြုချင်နေသည့်အချက်ပင် ဖြစ်သည်။ ထိတ်လန့်တုန်လှုပ်မှုများက သူ၏ကိုယ်အတွင်း၌ မည်သည့်နေရာကမှန်းမသိ ထိုးထောင်ထွက်ပေါ်လာ၏။ အချိန်က နောက်ပြန်လည်သွားခဲ့သည်လား? အဘယ့်ကြောင့် ဤသို့ဖြစ်ပျက်ခဲ့ရပါသနည်း?

ကျိုးလော့ယန်က မေးမြန်းရန်အပြု တုကျင့်က လက်ဖဝါးတစ်ဖက်ထောင်ပြကာ တားလိုက်သည်။ ထို့နောက် မွေ့ယာထက် လှဲလျောင်းကာ ဖုန်းကိုဖွင့်၍ သူ့အလုပ်သူ ဆက်လုပ်နေလေ၏။ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေသော်ငြား ဦးနှောက်ကို အနားမပေးနိုင်သေးဘဲ မနေ့က သည်လိုအချိန်အတိအကျတွင် မည်သည်ကို လုပ်နေကြောင်းကို မှတ်ဉာဏ်များအကြား ပြန်လည်တူးဆွမိသည်။

တူညီသည့်အရာများက ထပ်ခါထပ်ခါ မပြောင်းလဲဘဲ တည်ရှိနေသည်ပဲ။ ကျိုးလော့ယန်မှာ ပကတိ အူတိအူကြောင် ဖြစ်နေလေပြီ။ ပြတင်းပေါက်ဆီ လျှောက်သွားကာ ခန်းဆီးလိုက်ကာများကို ဖွင့်လိုက်၏။ ဖြစ်ပျက်နေသည့်အရာများက အိပ်မက်ဟုတ်၊ မဟုတ် စစ်ဆေးအတည်ပြုနိုင်ရန်အတွက် အနောက်ပိုင်းရေကန်မြင်ကွင်းကို ရှုမိ၏။ ထို့နောက် အိပ်ယာပေါ် ပြန်ထိုင်ချလိုက်လေသည်။

ကျိုးလော့ယန်က အော်ပြောလိုက်၏။

"တုကျင့်!"

ထျန်းတိပိုင်ကျူ (Transl.)Nơi câu chuyện tồn tại. Hãy khám phá bây giờ