~{17}~

408 63 14
                                    

UNICODE

ငါတို့စတွေ့ခဲ့တဲ့နေ့ကို ပြန်သွားကြရအောင်

ပစ္စုပ္ပန်

ထိုနှစ်၏ နောက်ဆုံးနေ့၌ ကျိုးလော့ယန်နဲ့ တုကျင့်တို့မှာ ယခင်က စီစဥ်ထားခဲ့သည့်အတိုင်း ခေါင်းလောင်းသံသာလေးများကို နားဆင်ရန်နှင့် နှစ်သစ်ကို ကြိုဆိုဖို့ရန်အတွက် *ကျင်းစီဘုရားကျောင်းသို့ သွားရောက်ခဲ့ကြသည်။

[T/N - ကျင်းဆိုတာ သန့်ရှင်းမှုလို့ အဓိပ္ပာယ်ရပြီး စီဆိုတာက ကရုဏာမေတ္တာလို့ ဆိုလိုပါတယ်။ အနောက်ပိုင်းရေကန်ရဲ့ တောင်ဘက်၊ လေဖန်းဘုရားရဲ့ မျက်စောင်းထိုး၊ နန်ဖျင်းတောင်ပေါ်မှာ တည်ရှိပါတယ်။ အနောက်ပိုင်းရေကန်ရဲ့ ရှေးဟောင်းသမိုင်းဝင် ဘုရားကျောင်းလေးကျောင်းထဲက တစ်ကျောင်းအပါအဝင်ဖြစ်ပြီး သာယာငြိမ့်ညောင်းလွန်းတဲ့ ခေါင်းလောင်းသံလေးတွေကြောင့် ကျော်ကြားပါတယ်။ ]

နန်ဖျင်းတောင်၌ ညချမ်းချိန်ခါခေါင်းလောင်းသံလေးများက တချွင်ချွင် မြည်ခတ်နေသည့်အချိန်တွင် လူအုပ်ကြီးမှာ တိုးမပေါက်အောင် ပျားပန်းခတ်မျှ စည်ကားလျက်ရှိနေလေပြီ။ လေဖန်းဘုရားကျောင်း၏ အပြင်ဘက်၌လည်း အရန်ရဲတပ်ဖွဲ့များက လုံခြုံရေးတင်းကြပ်စွာဖြင့် စောင့်ကြပ်ကြည့်ရှုလျက်ရှိ၏။ တုကျင့်သည်လည်း လူပင်လယ်ကြီးထဲ၌ ကျိုးလော့ယန်နှင့် လူချင်းကွဲမသွားစေရန်အတွက် ကျိုးလော့ယန်၏လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။

တုကျင့်မှာ ပြွတ်သိပ်ကြပ်ညက်နေသည့် လူအုပ်ကြီးအတွင်း လမ်းကြောင်းပေါက်အောင် တိုးဝှေ့သွားနေရင်း မကြာခဏဆိုသလို ကျိုးလော့ယန်ကိုလည်း လှည့်လှည့်ကြည့်ရသေး၏။ တုကျင့်က မေးလာသည်။

"မနှစ်က နှစ်သစ်ကူးတုန်းကရော ဘယ်သူနဲ့ရှိခဲ့တာလဲ?"

"ငါ့ကောင်မလေးနဲ့၊ ဟွေ့ကျုံးမှာ"

"အခုရော တွဲနေကြတုန်းပဲလား?"

"နွေဦးအစပိုင်းလောက်ကတည်းက ပြတ်သွားတာ.. သူက နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ဆိုပြီးလေ.. အဲ့တုန်းက ဟိုတယ်မှာ အခန်းငှားပြီး ညအိပ်ကြမလို့ဘဲ.. ဒါပေမဲ့ ရှိရှိသမျှ ဟိုတယ်တွေအကုန်လုံးက အခန်းပြည့်နေတော့ သူ့ကို အိမ်ပဲ ပြန်ပို့လိုက်ရတယ်.. မင်းကရော?"

ထျန်းတိပိုင်ကျူ (Transl.)Where stories live. Discover now