~{9}~

394 79 8
                                    

UNICODE

လူသားတွေဟာ မွေးလာကတည်းက ပျက်စီးနှင့်ပြီးသား

အတိတ်

ထုံးစံအတိုင်းဆိုလျှင် ကျိုးလော့ယန်သည် တုကျင့်အား အမြဲတစေ စောင့်ကြည့်နေခြင်းမျိုးမရှိချေ။ ညစာစားပြီးနောက် ပုံမှန်လုပ်ရိုးလုပ်စဥ်များအတိုင်း ပြုကြမည်ဖြစ်သည် : နားကြပ်တပ်ကာ ကိုယ့်အိမ်စာကိုယ် လုပ်ကြမည်။ အိမ်စာပြီးသည့်နောက် စာအုပ်ဖတ်ချင်ဖတ်မည်။ ရုပ်ရှင်ကြည့်ချင်ကြည့်မည်။ ကွန်ပျူတာသုံးချင်သုံးမည်။ ကျိုးလော့ယန်မှာ ရံဖန်ရံခါမှသာ တုကျင့်မည်သည်ကို လုပ်နေမှန်း အာရုံပြုမိသည်။ ထျင်းဖူဆောင်ရှိ အခန်းများမှာ ကုတင်များ၊ စားပွဲခုံများဖြင့် ကြပ်ပိတ်သိပ်နေသည့် လေးယောက်ခန်းမဟုတ်ဘဲ နှစ်ယောက်ခန်းသာဖြစ်သည့်အလျောက် စာကြည့်စားပွဲခုံများမှာလည်း အိပ်ယာနှင့် ကပ်မနေဘဲ သီးသီးသန့်သန့်လေးရှိနေ၏။

အဆောင်ခန်းလေး၌ သူတို့နှစ်ဦး၏ ကုတင်များမှာ ပြတင်းပေါက်တစ်ဖက်စီအနီး၌ တည်ရှိ၍ ကုတင်ဘေး၌ အဝတ်ထည့်သည့် မတ်တပ်ဗီရိုများနှင့် အံဆွဲအဆင့်ဆင့်ပါသည့် ဗီရိုများက တစ်ဖက်တစ်ချက်စီတွင် ရှိလေသည်။ စာကြည့်စားပွဲခုံနှင့် ထိုင်ခုံများမှာ နံရံကိုယ်စီဘက် လှည့်ထားသည့်အတွက် အချိန်တော်တော်များများ၌ ကျောပေးရင်း တစ်ဦးနှင့်တစ်ဦး မမြင်ရသကဲ့သို့ တမင်တကာလည်း လှည့်မကြည့်ကြပါချေ။

ထိုည၌ အရာအားလုံးက ပုံမှန်ညများကဲ့သို့ပင်.. နှစ်ယောက်သား အိမ်စာလုပ်ပြီးနောက် ဆိုင်ရာဆိုင်ရာအလုပ်များကို ဆက်လုပ်ကြသည်။ ည(၁၁)နာရီထိုးသည့်အချိန်၌ ကျိုးလော့ယန်က တုကျင့်အား ကိုယ်လုံးပေါ်မှန်ထဲမှ လှမ်းကြည့်လိုက်ရာ တုကျင့်မှာ ငြိမ်သက်စွာထိုင်နေရင်း အအေးဘူးအား ငိုင်၍ကြည့်နေ၏။ ထိုမြင်ကွင်းက ကျိုးလော့ယန်အား အနည်းငယ်စိတ်ပူသွားစေသည်။

"အိပ်တော့မယ်ဟုတ်?"

ကျိုးလော့ယန်က ဤသို့ပြော၍ မျက်နှာသစ်၊သွားတိုက်ရန်အတွက် ထသွားရာ တုကျင့်လည်း မျက်နှာကျက်မှ မီးသီးအား ပိတ်ပြီး စားပွဲတင်မီးအိမ်လေးတစ်လုံးကိုသာ ဖွင့်ထားလိုက်၏။

ထျန်းတိပိုင်ကျူ (Transl.)حيث تعيش القصص. اكتشف الآن