အပိုင်း (၁) ပထမဆုံးနေ့

8.5K 311 27
                                    

[Unicode]

အပိုင်း(၁) ပထမဆုံးနေ့

အသံပါဝါ အပြည့်အဝနဲ့ နိုးစက်ကြောင့် Jennie အိပ်ပျော်နေရာကနေ လန့်နိုးလာပြီး ငြီးလိုက်ကာ  ဒေါသတကြီး အော်‌‌နေတဲ့အသံကို ရပ်ကာ မနက်အစောပိုင်းငြိမ်းချမ်းမှုလေးကို ခံစားဖို့ ဖုန်းကို လိုက်စမ်းလိုက်သည်။

အပြည့်အဝမြည်‌နေတဲ့ ဖုန်းကို စောင်အောက်တွင် တွေ့လိုက်ကာ မြန်မြန်ယူလိုက်ပြီး ရပ်တဲ့ ခလုပ်ကို နိုပ်လိုက်၏။ ညအိပ်တုန်းက ဖုန်းကို  အိပ်ရာပေါ် မှာ ထားလိုက်မိတာကို မုန်းလှသည်။ သူမ တကယ်ပဲ ဖုန်းကိုင်ရင်း အိပ်ပျော်သွားတက်တာကို ပြင်ရမည်။

Jennie က စောင်ကို ဖယ်လိုက်ကာ နောင်တ တကြီးနဲ့ပဲ အိပ်ရာခင်းရဲ့နွေးထွေးမှု ကနေ ထွက်လာရသည်။ ပုံမှန်ဆို သူမက အိပ်ရာမထခင် ဖုန်းနိုးစက်ကို နှစ်ခါ သုံးခါ ပေးထားတက်ပေမယ့် ဒီနေ့က နေ့ကြီး နေ့မြတ်ဖြစ်တဲ့အတွက် အရာအားလုံးကို ပြီးပြည့်စုံနေချင်၏။

ရေမြန်မြန်ချိုးပြီးနောက် Jennie မြန်မြန် သုတ်လိုက်ကာ Jennie အကြိုက်ဆုံး အမွှေးပွ ဝတ်ရုံကို ဝတ်ဆင်ကာ အောက်ထပ်ကို ဆင်းလိုက်သည်။

သူမရဲ့ အိမ်က မြို့စွန်မှာ ရှိနေပြီး Kim Company နဲ့ နီးတဲ့အတွက် နေတိုင်း သွား လာဖို့ လွယ်ကူသလို ကိုယ်ရဲ့အ‌တွင်း‌ရေးကို လျို့ဝှက်ဖို့အတွက် လုံလောက်ပြီး ခြုံဝန်းက‌လည်း ကျယ်လှသည်။ Jennie အတွက် လမ်းပိတ်မှာလည်း စိုးရိမ်စရာမလိုသလို ဆော့ကစားရာတွေလည်း ပြဿနာ ရှိနိုင်မှာ မဟုတ်ပေ။

ကော်ဖီစက်ကို ဖွင့်လိုက်တာနဲ့ သူမရဲ့ ကိုယ်က အလိုအလျှောက် လှုပ်ရှားနေပေမယ့် ကော်ဖီအနံလေး နည်နည်းရလာမှ လူသားဆန်လာသလို ခံစားရသည်။ မနက်ပိုင်းကဖိန်းဓာတ်ဖြည့်တင်းရန် စောင့်ဆိုင်း‌နေတုန်းမှာ သူမက ဂျုံ၊ သကြား၊ ကြက်ဉနဲ့ နို့ကို ထုတ်လိုက်ကာ ပန်ကိတ်အနှစ်လုပ်ရန် ပြင်ဆင်လိုက်သည်။ သူမ ချောကလက်ပါ ထည့်ဖို့ ပြင်လိုက်သေးသည်။

Jennie အိမ်မှာ ပြင်ဆင်တဲ့ အစားအစာတိုင်းက ကျန်းမာရေးနဲ့ ကိုက်ညီသလို သေချာလည်းစီစဉ်ထားလေ့ ရှိပေမယ့် ဒီနေ့က အထူးနေ့ရက်ဖြစ်တဲ့အတွက် သူမ ချွမ်းချက်အနေနဲ့ထားလိုက်မယ်ဖြစ်သည်။ တစ်ယောက်ယောက်ကတော့ သဘောကျနေမှာ သူမ သိနေ၏။

I see who I wanna be (in my daughter'eyes) Where stories live. Discover now