4.7

7K 848 16
                                    

ထယ်ယန်းကိုပြန်ရောက်သည့်အချိန်မှာတော့ အရေးမပါသည့်တိုင်ကြားလွှာများကြောင့် ညီလာခံတန်းလုပ်ရပြန်သည် ။

အများဆုံးသောတိုင်ကြားလွှာများမှာ ရှောင်းကျန့်အကြောင်းသာဖြစ်၏ ။ တိုင်းတစ်ပါးကဖြစ်သည့်အပြင် ကြင်ယာတော်နေရာမှာလည်းရှိနေဆဲဖြစ်သည့် ရှောင်းကျန့်က လက်ထောက်စစ်သူကြီးရာထူးကိုရထားတာမဖြစ်သင့်ကြောင်း ၊ အဓိက ရည်ရွယ်ချက်ကတော့ ရှောင်းကျန့်ကို အဲ့ရာထူးမှာမရှိစေချင်ကြတာပဲ ။ ဒီအသက်ကြီးပြီးအချိန်မစီးတဲ့ အဘိုးကြီးတွေရဲ့အကြံကို သူမရိပ်မိဘဲနေပါ့မလား ။

ဒါပေမယ့် ရိပေါ်က လက်ခံလိုက်ပါသည် ။ တခြားတော့မဟုတ် ရှောင်းကျန့်က သူဖြစ်စေချင်တာထက်ကိုပိုတော်လာတာမို့ စစ်သူကြီးနေရာမှာဆက်ထားဖို့မလိုအပ်တော့ချေ ။ မကြာခင် သူ့ mission ကအကောင်အထည်ဖော်ရတော့မှာဆိုတော့ ရှောင်းကျန့်ကို သူ့အနားထားတာကပိုပြီးကောင်းသည်ဟု ခံစားမိသောကြောင့်ပင် ။

ညီလာခံပြီးသည့်နောက်မှာတော့ ရိပေါ်ကအကျဉ်းထောင်ဆီလျှောက်သွားလိုက်သည် ။

"မင်းကြီး...ကျွန်တော်မျိုးမမှာအပြစ်မရှိပါဘူး ။ စွပ်စွဲခံရတာပါ"

ထိုစကားကြောင့် ရိပေါ်က ဟက်ခနဲရယ်ချလိုက်သည် ။

ဗြောင်လိမ်ဗြောင်စားဆိုတာကို သူပထမဆုံးတွေ့ဖူးတာပဲ ။

"ကိုယ့်တိုင်းပြည်ကနေ စစ်ချီတာကို သတင်းပေးတဲ့သူကအပြစ်မရှိဘူးပေါ့ ဟုတ်လား "

ရိပေါ်၏ အသံမှာနူးညံ့နေ၏ ။ သို့ပေမယ့် လူသတ်ငွေ့တွေပါနေတာကိုတော့ ခံစားမိကြလေသည် ။

"အဲ့တာ...အဲ့တာ"

"ဒါက တိုင်းပြည်ကိုသစ္စာဖောက်မှုပဲ ။ ဆွေမျိုးခုနစ်ဆက်တောင်အသတ်ခံရမှာ ။ ကိုယ်တော်က သက်ညှာတဲ့အနေနဲ့ အဆိပ်သေရည်ပဲတိုက်မှာပါ"

ဒါက ဘာများကောင်းသွားမှာမလို့လဲ ။ သူမလည်းသေမယ်..သူမရဲ့ မိသားစုဟာလည်းသေရမှာပဲမလား ။

"မင်းကြီးက အမျိုးသားတစ်ယောက်ကြောင့်စုံလုံးကန်းနေတာပဲ ။ ကျွန်တော်မျိုးမမှာ ဘာများအပြစ်ရှိနေလို့လဲ ။ ကျွန်တော်မျိုးမမှာ မင်းကြီးကို ချစ်မိတဲ့အပြစ်ပဲရှိတာပါ"

Saving The Villain Life System [ Ongoing...]Место, где живут истории. Откройте их для себя