"အဲ့နဂါးကို ငါလွှတ်ပေးလိုက်တာ"
အံ့သြသွားကြသူများမှာ ထိုနေရာတွင်ရှိနေကြသည့်လူအကုန်လုံးပင် ။ တစ်ယောက်သောသူမှလွဲ၍ပေါ့ ။
"ရိဒ် မင်း တကယ်ပြောတာလား"
ရိပေါ်သည် 'ငါက ရူးနေလို့လိမ်ပြောရမှာလား' ဆိုသည့်ပုံစံမျိုးဖြင့် အိုဝင်ကိုကြည့်လိုက်သည် ။
အိုဝင် သူတကယ်မယုံကြည်နိုင်ပေ ။ ရိဒ် ကလေ...ရိဒ် ကမ်ဘဲလ်ဆိုတဲ့သူကလေ..ကိုယ်ဖမ်းလာတဲ့နဂါး ကိုယ်ပြန်လွှတ်တယ်တဲ့ ။ ခါတိုင်းဖမ်းနေကြ သားကောင်တွေဖြစ်တဲ့ ကျားတို့ ၊ သမင်တို့တောင်မဟုတ်ပဲ နဂါးကြီးကိုလေ ။ ဘုရားရေ တကယ်ကြီးပိုက်ဆံတွေအများကြီးရမယ့်အခွင့်အရေးကို ကိုယ်တိုင်လွှတ်ပေးလိုက်တာပဲ ။
ကျန်တဲ့သူများလည်း ထိုနည်းအတိုင်းပင်တွေးမိလိုက်ကြသည် ။
"ပြဿနာရှိလို့လား"
သူက 'ပြဿနာရှိလည်း ဂရုမစိုက်ဘူး' ဆိုတဲ့ ပုံစံမျိုးဖြင့် အိုဝင်ကိုထပ်ကြည့်ပေးလိုက်သည် ။
"မရှိပါဘူး"
အိုဝင် က ဖြေလိုက်၏ ။
ရိပေါ်၏ နှုတ်ခမ်းထက်မထိမရိအပြုံးလေးတစ်ခုဖြတ်သန်းသွားပြီးနောက် မည်သူ့ကိုမှဂရုမစိုက်ဘဲ သူ့လမ်းသူဆက်လျှောက်သွားသည် ။
"ကျွန်တော့်နေရာက ကျယ်ပါတယ် ။ ခင်ဗျား ဟိုဘက်အခြမ်းမှာအိပ်"
တစ်ဖက်တွင်ရှိသည့် ကုတင်အလွတ်ကိုမေးငေါ့ကာပြောလိုက်သည် ။ ပြီးနောက် သူ့ကုတင်မှာသူ လှဲအိပ်လိုက်၏ ။ အပြင်ပန်းကကြည့်လျှင်တော့ အိပ်နေသည်ထင်ရသော်လည်း အမှန်တော့အတွေးတွေထဲနစ်နေတာဖြစ်သည် ။
ဇာတ်လိုက်ကိုလည်း သူကိုယ်တိုင်ကယ်လိုက်ပြီဆိုတော့ အိုလီဗာ နဲ့တွေ့ဖို့လမ်းမရှိတော့ပေ ။ အဲ့တော့ မျိုးနွယ်စုပျက်သုဉ်းမယ့်အရေးကို ကယ်လိုက်နိုင်ပြီမဟုတ်ဘူးလား ။ ဒါပေမယ့် ဘာအချက်ပေးသံမှမထွက်လာဘူး ။ ဘာလို့လဲ ? ။ ကောင်းမွန်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ကတော့လွယ်တယ်ဆိုပေမယ့် တော်တော်လေးတော့ကြိုးစားဖို့လိုလိမ့်မည် ။
![](https://img.wattpad.com/cover/239062305-288-k660840.jpg)
KAMU SEDANG MEMBACA
Saving The Villain Life System [ Ongoing...]
Fiksi Penggemar[ ZHANYI ] Cover from pinterest. Full credit to owner.