ဟန်ရှောင်းမှာ စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းနေပါသော်လည်း သူ့အားဘယ်လောက်ချစ်ကြောင်း သက်သေပြပါမည်ဆိုသော အမျိုးသားလေးမှာ ဒဏ်ရာများသက်သာလာပြီးစတည်းက မိုးလင်းသည်နှင့်စားသည် ။ စားပြီးလျှင်အိပ်သည် ။ အိပ်ရာမှနိုးသည့်အခါ အဆာပြေမုန့်များကိုထပ်စားသည် ။ ဤသို့ဖြင့် စားလိုက်၊အိပ်လိုက်လုပ်လို့နေပြီး သူ့အားချစ်ကြောင်းပြောမည်ကိုအသာထား အဖက်တောင်မလုပ်ပါချေ ။
အမှန်တော့ ရိပေါ်လည်း ဟန်ရှောင်းက သူ့ကိုယုံလာအောင် မည်သို့လုပ်ရမလဲဆိုတာအားစဉ်းစားရင်း စားလိုက်၊အိပ်လိုက်နေမိသွားတာဖြစ်သည် ။ သူက မျက်မမြင်ဖြစ်နေသည့်အပြင် ဟန်ရှောင်း၏ စောင့်ကြည့်နေမှုအောက်ကမလွတ်တာကြောင့် ဘာကိုမှလုပ်လို့မရချေ ။ Egg ကိုခိုင်းလျှင်ရပါသော်လည်း ထိုကောင်စုတ်လေးသည် အမြတ်ကြီးစားဖို့ကိုသာစဉ်းစားနေသည်လေ ။
[ Host သတင်းထူး ]
'ဘာသတင်းလဲ'
[ စုန့်တိုင်းပြည်ရဲ့ သံတမန်တွေ ဒီကိုရောက်နေတယ် ]
'အဲ့တော့'
[ အဲ့အထဲမှာ စုန့်တိုင်းပြည်ဘုရင်ရဲ့ညီမတော် စုန့်မိန်ဟွားလည်းပါတယ် ]
'မင်း အဲ့ထက်ရှင်းအောင် ပြောပြလို့ရမလား'
[ ပိန်းလိုက်တာ ။ အဲ့စုန့်မိန်ဟွားက မိဖုရားအသစ်ဖြစ်လာလိမ့်မယ် ။ ပြောလို့မရဘူးလေ Host အတွက် အသုံးဝင်ချင်ရင်ဝင်လာမှာပေါ့ ]
'အိုး..ဟုတ်သားပဲ ။ နန်းတွင်းအရှုပ်တော်ပုံမှာ မိဖုရားတွေနဲ့ကြင်ယာတော်တွေဆိုတာ ရန်သူဖြစ်လာနိုင်ချေအများဆုံးပဲ ။ အထူးသဖြင့် ငါ့လို ဟန်ရှောင်းရဲ့သည်းသည်းလှုပ်အချစ်ခံလေးကိုဆိုရင် ပိုပြီးတော့တောင် မနာလိုအဖြစ်ခံရအုံးမှာနော် ။
Egg မင်းသိလား ။ ငါတို့နှစ်ယောက်က ဗီလိန်တွေနဲ့တူလာပြီ'
[ နဂိုတည်းက ဗီလိန်တွေပဲဟာ ။ ပြဿနာတစ်ခုရှိတယ် ]
'ဘာပြဿနာလဲ'
[ ဟန်ရှောင်းက သဘောတူဖို့ကို အချိန်ဆွဲနေတာ ။ သူသာ ငြင်းလိုက်ရင် ]
![](https://img.wattpad.com/cover/239062305-288-k660840.jpg)
YOU ARE READING
Saving The Villain Life System [ Ongoing...]
Fanfiction[ ZHANYI ] Cover from pinterest. Full credit to owner.