ပန်ဒါမျက်လုံးနှင့်အောက်ဆင်းလာသည့် ရှီဇန်းကြောင့် တစ်မိသားစုလုံးအံ့သြသွားရ၏ ။
ဒီကောင်လေး ညကမအိပ်ဘူးလား ။
"ကိုကို"
ရှီဇန်းက ရိပေါ်ရဲ့လက်မောင်းကို လက်နှစ်ဖက်နဲ့ဖက်လို့ပခုံးမှာခေါင်းမှီလိုက်သည် ။
"သား ညကမအိပ်ဘူးလား"
မေမေလေးက သူ့သားကိုကြည့်ရင်းမေးလာသည် ။
"အွန်း ။ ညကလေ့လာစရာတွေတော်တော်များတယ်"
"သားရယ် စာလုပ်တာလည်းလုပ်ပေါ့ ။ အိပ်ရေးပျက်ခံရလောက်အောင် ကြိုးစားဖို့မလိုပါဘူး"
"ဒါနဲ့ ဘာစာမလို့အဲ့လောက်လုပ်ရတာလဲ"
ဟီဇရှိကပါ ဝင်မေးလာသည် ။
porn ထိုင်ကြည့်နေတာလေ အဖေရဲ့ ။ အဲ့လိုအော်ပြောရင်မကောင်းလို့နော် ။
"ယောက်ျားရေ နောက်ကျတော့မယ် သွားရအောင်လေ"
"ဟင်...အမေတို့က ဘယ်သွားမလို့လဲ"
"ခရီးတိုထွက်မှာ တနင်္လာနေ့မနက်ပြန်ရောက်မယ် ။ မင်းအစ်ကိုစကားနားထောင်"
"အမေတို့ကျ လျှောက်သွားပြီး သားတို့ကျ အိမ်စောင့်တဲ့မတရားလိုက်တာ"
"မကျေနပ်ရင် မင်းအစ်ကိုနဲ့လျှောက်လည်ချေ ။ လာ..မိန်းမ သွားမယ်"
ဟီဇရှိသည် သူ့မိန်းမ၏လက်ကိုဆွဲကာထွက်သွားလေ၏ ။ ရိပေါ်က လူကြီးနှစ်ယောက်လုံးအပြင်သို့ထွက်သွားသည်ကို လိုက်ကြည့်နေပြီးမှ သူ့ပခုံးပေါ်ခေါင်းတင်ထားသည့် ပေါက်စရဲ့နဖူးကို လက်ညိုးဖြင့်ခပ်ဖွဖွတောက်လိုက်သည် ။
"မင်း ညကစာလုပ်နေတာမဟုတ်ဘူးမလား"
"စာလုပ်နေတာပါ ကိုကိုကလည်း"
လန့်သွားသော်လည်း ရှီဇန်း လိမ်ပြောလိုက်သည် ။ ရိပေါ်က ခပ်တိုးတိုးရယ်၏ ။
"မင်းစာက ဘယ်လောက်တောင်ရမ္မက်ကြွစရာတွေပါနေလို့ pheromone အနံ့တွေထနေရတာလဲဟမ်"
ရှီဇန်း ကိုကို့အနားကနေခွာလိုက်ပြီး သူ့လက်နှင့်အင်္ကျီကိုနမ်းလိုက်သည် ။ လီမွန်အနံ့ကမပြင်းသော်လည်း ခုနကလိုမျိုး ကိုကို့အနားကပ်နေမယ်ဆိုရင် သေချာပေါက် အနံ့ရသည်ပင် ။
![](https://img.wattpad.com/cover/239062305-288-k660840.jpg)
VOCÊ ESTÁ LENDO
Saving The Villain Life System [ Ongoing...]
Fanfic[ ZHANYI ] Cover from pinterest. Full credit to owner.