ကြီးမားလှသောနန်းတော်ကြီးအတွင်းရှိ များစွာသောလူများမှာ ဘုရင်မင်းကြီး၏လက်ထပ်ပွဲအတွက်ပြင်ဆင်နေကြသည် ။
ဟန်ယိ၏ မျက်နှာသည် အနည်းငယ်နွမ်းလျလို့နေ၏ ။ သူက ဝေးလံသည့်နေရာကနေ နန်းတော်သို့ရောက်အောက်မရပ်မနားပြန်လာခဲ့ရသည့်အပြင် တစ်စုံတစ်ယောက်၏ အကြမ်းပတမ်းလုပ်ခြင်းကိုလည်းခံခဲ့ရသည် ။
အဲ့နေက သူနိုးလာတော့ ထိုလူက သူ့ကိုပြုံးစိစိကြည့်ရင်း လျော်ကြေးယူတာဟုပြောသွားသေးသည် ။
သူက ကြီးမြတ်လှတဲ့ ဟန်တိုင်းပြည်ရဲ့အိမ်ရှေ့စံလေ ။ သည်လိုဖြစ်သွားတာက ရှက်စရာအတော်ကောင်းနေပြီဖြစ်သည် ။ မကျေမနပ်နှင့်ကလဲ့စားချေချင်ပါသော်လည်း ထိုလူ၏ပုံသဏ္ဍာန်နှင့် အရှိန်အဝါအရ ထိလို့မလွယ်မည့်သူမှန်းသတိထားမိလိုက်သည် ။ ထားလိုက်ပါတော့...သူ့ကံကိုကဆိုးလွန်းတယ်လို့ပဲ မှတ်ယူလိုက်ပါ့မယ် ။
"အရှင်မင်းကြီးက အခေါ်တော်လွှတ်လိုက်ပါ့မယ် အိမ်ရှေ့စံ"
"လာခဲ့မယ်"
ညီလာခံကျင်းပသည့်ခန်းမအလယ် ပုလ္လင်ထက်တွင် နဂါးဝတ်ရုံတော်ဖြင့် သူ့အစ်ကိုတော်သည် ခံ့ညားစွာထိုင်နေ၏ ။ ညာဘက်ရှိထိပ်ဆုံးခုံတွင်တော့ သူ့အစ်ကိုတော်ထက်မလျော့သည့် အရှိန်အဝါများဖြင့်ထိုင်နေသူတစ်ယောက်ရှိသည် ။
"ဟန်ယိ ဒီဘက်က စုန့်တိုင်းပြည်ရဲ့ ဘုရင် စုန့်ဟွေ့ချင်"
"မှန်ပါ့ တွေ့ရတာဝမ်းသာ..."
ဟင်...သူ့ကိုလုပ်သွားတဲ့ ခွေးသူတောင်းစား !!
"ဪ...ဒါက အရှင်မင်းကြီးရဲ့ညီတော် အိမ်ရှေ့စံဆိုတာလား"
"ဟုတ်တယ်"
ဟန်ရှောင်းသည် စုန့်ဟွေ့ချင်အား ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံနေရပါသော်လည်း အရင်နှစ်ဘဝက သူ့ပေါင်ပေ့ကိုအလစ်သုတ်တဲ့ သူခိုးကောင်ဖြစ်နေ၍ သိပ်တော့အခဲမကြေပါချေ ။
ဒီဘဝမှာတော့ ပေါင်ပေ့က ငါ့ဟာပဲ ။ ငါပိုင်တာ ။
"ဟန်ယိ အိမ်ရှင်အနေနဲ့ဧည့်ဝတ်ကျေဖို့ မင်းကိုပဲတာဝန်ပေးရတော့မယ် "
![](https://img.wattpad.com/cover/239062305-288-k660840.jpg)
YOU ARE READING
Saving The Villain Life System [ Ongoing...]
Fanfiction[ ZHANYI ] Cover from pinterest. Full credit to owner.