Arc - 2

12.2K 1K 10
                                    

ရိပေါ် နိုးလာတဲ့အချိန်မှာ အနည်းငယ်ကျယ်ဝန်းတဲ့ တဲအိမ်တစ်ခုထဲမှာ မတ်တပ်ရပ်နေတာဖြစ်ပြီး သူ့ရဲ့ညာဘက်လက်ကတော့ ခါးမှာချိတ်ထားတဲ့ သံဓားရှည်ရဲ့လက်ကိုင်ကိုကိုင်ထားသည် ။ သူ့ရှေ့မှာတော့ အဖြူရောင်ဆံပင်ကောက်တွေနဲ့ မုတ်ဆိတ်ဖြူအဘိုးကြီးတစ်ယောက်ရှိသည် ။

"ရိဒ် ပြောနေတာတွေကြားရဲ့လား"

"ကြားပါတယ် ။ သွားခွင့်ပြုပါဦး"

ထိုအဘိုးကြီးက ခေါင်းညိတ်ပြသည်နှင့် ရိပေါ်လည်း လူရှင်းတဲ့နေရာတစ်ခုကိုထွက်လာခဲ့ကာ Egg ပို့ပေးလာသည့် data တွေကိုလက်ခံလိုက်သည် ။

ဒီကမ္ဘာရဲ့ အဓိကဇာတ်လိုက် (gong) မှာ ကတ်စီယပ်စ် ရှော ဖြစ်ပြီး သန္တာကျွန်း၏နဂါးတစ်ကောင်ဖြစ်သည် ။ တစ်နေ့ မုန်တိုင်းကြောင့် သူ့ကျွန်းဆီရောက်လာတဲ့ အမဲလိုက်မျိုးနွယ်စု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ထိုမျိုးနွယ်စု၏ ကျွန်းကြီး၌ချူပ်နှောင်ခြင်းကိုခံခဲ့ရကာ ကြင်နာတတ်သောလူတစ်ယောက်၏ လွှတ်ပေးမှုကြောင့် လွတ်မြောက်ခဲ့ရသည် ။ ထိုလူ၏ အမည်မှာ အိုလီဗာ ဖြစ်ပြီး အဓိကဇာတ်လိုက် (shou)ဖြစ်သည် ။ အိုလီဗာသည် မိဘမဲ့တစ်ယောက်ဖြစ်ပြီးပျော့ညံ့၍ လှောင်ပြောင်ခြင်းကိုခံခဲ့ရသည် ။ သို့ပေမယ့် အိုလီဗာရဲ့ကြင်နာတတ်တဲ့နှလုံးသားနဲ့ နူးညံ့တဲ့ပုံစံလေးကြောင့် လူချစ်လူခင်လည်းပေါသည် ။ ကတ်စီယပ်စ်သည် သူထွက်မသွားခင်မှာ အိုလီဗာ ရဲ့ ပုံရိပ်ကလေးကိုမှတ်ထားကာ တစ်နေ့ပြန်လာခဲ့မယ်လို့ကတိပေးခဲ့သည် ။ ကတ်စီယပ်စ်ဟာ သူ့ရဲ့ကတိအတိုင်း သုံးရက်ကြာပြီးနောက်မှာ အမဲလိုက်မျိုးနွယ်စု၏ ကျွန်းဆီကိုပြန်ရောက်လာခဲ့သည် ။ ထိုအချိန်ဟာ အိုလီဗာကို အမဲမျိုးနွယ်စုရဲ့ခေါင်းဆောင် ရိဒ် ကမ်ဘဲလ်က ဖမ်းထားတဲ့ နဂါးကိုလွှတ်ပေးလိုက်လို့ လူအများရှေ့မှာ ကြာပွတ်နဲ့ရိုက်ကာ အပြစ်ပေးနေချိန်ဖြစ်ပြီး ကတ်စီယပ်စ်က ဒါကိုမြင်တော့အလွန်ဒေါသထွက်ကာ အိုလီဗာကိုကယ်တင်ပြီး အမဲလိုက်မျိုးနွယ်စုကို အပြတ်ချေမှုန်းတိုက်ခိုက်ခဲ့ရာ အမဲလိုက်မျိုးနွယ်စုတစ်ခုလုံး ပျက်သုဉ်းသွားခဲ့သည် ။ နောက်တော့ အိုလီဗာကို သူ့ရဲ့ကျွန်းဆီခေါ်ဆောင်သွားပြီးနောက် သူ့ရဲ့လူအသွင်ကိုပြသခဲ့သည် ။ အချိန်ကြာလာတာနဲ့အမျှ အိုလီဗာရဲ့ ချစ်စရာကောင်းမှု ၊ ကြင်နာတတ်မှုများကြောင့် ဖြည်းဖြည်းချင်းချစ်မိသွားကာ အတူတူပေါင်းသင်းနေထိုင်သွားတော့သည် ။

Saving The Villain Life System [ Ongoing...]Onde histórias criam vida. Descubra agora