စားပွဲခုံပေါ်ရှိ ကော်ဖီမှာအေးစက်သွားသော်လည်း ထိုထက်ပင်အေးစက်နေသည့်အကြည့်များဖြင့် ထောင်ဝေတစ်ယောက်အကြည့်ခံနေရလေသည် ။
အမှန်တော့ သူလည်းစဉ်းစားမိပါတယ် ။ ဒါကိုရောင်းလိုက်ရင် မော့ယီဆီကပြင်းထန်တဲ့တုန့်ပြန်မှုတစ်ခုခုရမယ်ဆိုတာကိုပေါ့ ။ ဒါကြောင့် တရုတ်ကနေ မော့ယီဆီကိုအမြန်လာခဲ့တာပင် ။ တကယ်တော့ သူလည်းရောင်းချင်လို့မဟုတ်ပါဘူး ။ မော့ယီက သူပြန်လာဖို့ခေါ်တာကိုတောင် အဖက်မလုပ်ဘဲ အင်မတန်ပြဿနာများအလုပ်ရှုပ်စေတဲ့ ဒီမြေကကိစ္စကိုပဲလုပ်နေတာကို ။ သူပို့လိုက်တာဖြစ်ပေမယ့် မော့ယီ နဲ့အကြာကြီးဝေးနေရတာကိုလည်းသဘောမကျဘူးလေ ။ အခုဆို ဟွမ်ကွေ့ရန်ဆိုတဲ့အကောင်ကို မော့ယီအနားကနေ ကန်ထုတ်ပစ်လိုက်ပြီ ။ မော့ယီတစ်ယောက် သူ့ကိုပြန်ချစ်လာဖို့ပဲကျန်တယ် ။
"ငါ အလုပ်ထွက်မယ် ထောင်ဝေ"
"မော့ယီ...!"
ရိပေါ်က ထောင်ဝေပြောလာမည့်စကားတို့အားလက်ပြကာရပ်တန့်စေ၏ ။ ပြီးမှ သူကပြောလိုက်သည် ။
"မင်း သောက်ကျင့်ယုတ်ပြီး ငါ့ကို ပဲရစ်ပို့လိုက်တယ် ။ ငါ ဘာမှမပြောဘူး အဲ့အပြင် ငါက ဒီစုတ်ပြတ်သတ်နေတဲ့စီမံကိန်းကြီးအပေါ်မှာ ငါ့ရဲ့ တစ်နှစ်စာအချိန်တွေကိုပုံအောပြီး အဘက်ဘက်ကနေပြည့်စုံအောင် ဆောင်ရွက်ပေးခဲ့တယ် ။
ပြီးတော့ မင်းဘာလုပ်လိုက်လဲ...လက်မှတ်လေးတစ်ချက်ထိုးပြီးရောင်းပစ်လိုက်တယ်လေ ။ မင်းက ငါ့ရဲ့ သူဌေးဖြစ်နေလို့ ဒီလောက်နဲ့ပဲရပ်လိုက်မယ် ။ ဒါ အလုပ်ထွက်စာ...ဒီတစ်ခါ တကယ်အပြီးထွက်တာ"
အိတ်ကပ်ထဲကစာအိတ်အဖြူအား စားပွဲပေါ်တင်ပေးလိုက်သည် ။ ထောင်ဝေသည် ထိုစာအိတ်ကိုကြည့်ကာ အတုန်တုန်အယင်ယင်ဖြင့်ပြောလာ၏ ။
"မော့ယီ...မော့ယီ ငါမှားတာသိပါပြီ ။ အဲ့လိုကြီးတော့မလုပ်ပါနဲ့ ငါက မင်းပင်ပန်းမှာစိုးလို့ပါ"
"မင်းသာ ငါတို့ကျောင်းသားဘဝတုန်းက အဲ့လိုအတွေးလေးတွေရှိခဲ့ရင်ကောင်းမယ် ဥပမာ ငါက မင်းသောက်ဖို့ ကန်တင်းအထိအပြေးအလွှားရေဘူးသွားဝယ်နေတုန်းမှာ မင်းက ကောင်မလေးတစ်ယောက်ရဲ့ရေဘူးကိုသောက်ပြီး ငါ့ကိုလျစ်လျူရှုခဲ့တဲ့အချိန်တွေပေါ့ ။ ငါချွေးတွေရွှဲနေခဲ့တာတောင်မှ မင်းဂရုမစိုက်ခဲ့ဘူးလေ"
ESTÁS LEYENDO
Saving The Villain Life System [ Ongoing...]
Fanfic[ ZHANYI ] Cover from pinterest. Full credit to owner.