တစ်စုံတစ်ယောက်၏ ချောင်းမြောင်းကြည့်ရှုခြင်းကိုခံနေရသည်ဟု ရိပေါ်ထင်နေမိသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သည် ။ သို့သော် ထိုအရာဟာ သူ့အထင်သာဖြစ်ပြီးသက်သေမရှိ ။
"ရှန့်ပေါ်လင် အတွေးတွေကဘယ်ရောက်နေတာလဲ"
"အ့..!"
သူ့ရဲ့ ညာဘက်လက်ဟာ ဓားရှည်၏မျက်နှာပြင်ဖြင့် ပြင်းထန်စွာရိုက်ချခံလိုက်ရပြီး လက်ထဲကဓားသည်ပြုတ်ကျသွားခဲ့သည် ။
"ပြန်ကောက်"
ကောင်းထန်ဖေး သူ့ကို ဓားရေးသင်ပေးနေသည်မှာ ဒဏ်ရာရပြီးပြန်နိုးလာကတည်းကပင် ။ ပုံမှန် စာသင်သားတွေအကုန်လုံးကို တိုက်ခိုက်ရေးတာဝန်ယူကာသင်ကြားပေးနေသည့် သွမ့်ကျားယီ သည် သူ့ကိုမသင်ပေးတော့ပဲ ကောင်းထန်ဖေးလက်ထဲသို့သာ လွှဲပြောင်းလိုက်ပြီဆို၏ ။ ဘာအကြောင်းကြောင့်လဲတော့ဖြင့်မသိရချေ ။
"ငါက အားယားနေလို့သင်ပေးနေတာထင်လို့လား ။ စိတ်ကိုစုစည်းထား"
ရိပေါ်သည် မြေပြင်တွင်ကျနေသည့် ဓားကိုကောက်ယူပြီး ကောင်းထန်ဖေးအား ပြန်လည်တိုက်ခိုက်လေ၏ ။ နှစ်ဦးသား၏ ဓားချင်းထိခတ်သံက ကျယ်လောင်စွာထွက်ပေါ်နေပြီး မြန်ဆန်လှသည့်လှုပ်ရှားမှုများကြောင့် လူနှစ်ယောက်၏လျပ်တပြက်အရိပ်နှင့် အလင်းတန်းများကိုသာမြင်ရသည် ။
သူတို့ဆရာတပည့်၏ ပြင်းထန်သည့်လက်ရုံးရည်ယှဉ်ချပွဲကြောင့် ဖုန်တထောင်းထောင်းထလျက်ရှိပြီး အနားရောက်လာသည့် မော့တင်းရှန်း နှင့် လုံယန်မှာ ချောင်းပင်တဟွတ်ဟွတ်ဆိုးသွားရ၏ ။
"ဟေး...မင်းတို့နှစ်ယောက်က ဓားသိုင်းသင်နေတာလား ၊ အသေချနေကြတာလားဟ"
မော့တင်းရှန်းသည် သူ့မျက်နှာရှေ့ကဖုန်ငွေ့များကို လက်ဖြင့်ဟိုသည်ယမ်းကာဖယ်ရှားရင်းမေးလိုက်သည် ။ သို့သော် အဖက်လုပ်ကာပြန်ဖြေခြင်းမခံရပါပေ ။ တခဏအကြာမှ ထိုနှစ်ယောက်သည်တိုက်ခိုက်တာကိုရပ်လိုက်ကြ၏ ။
"မင်းတို့က ဘာလာလုပ်တာလဲ"
ကောင်းထန်ဖေးသည် သူ့အဆောင်သို့ရောက်လာသည့်နှစ်ယောက်အား အရယ်အပြုံးမရှိသည့်မျက်နှာပေးဖြင့်ကြည့်ကာ မေးလိုက်၏ ။ သူ့ရဲ့လေသံဟာလည်း အတက်အကျမရှိဘဲအေးတိအေးစက်ပင် ။
![](https://img.wattpad.com/cover/239062305-288-k660840.jpg)
YOU ARE READING
Saving The Villain Life System [ Ongoing...]
Fanfiction[ ZHANYI ] Cover from pinterest. Full credit to owner.