တစ်ချိန်လုံး အမြင်မကြည်ခဲ့သူတစ်ယောက်အား နေ့ချင်းညချင်းပင်ချစ်မိသည်ဆိုတာ ဖြစ်နိုင်ပါရဲ့လား ။ ကောင်းထန်ဖေး အတွက်တော့ဖြစ်နိုင်သည်ဆိုတာထက်ကို ပိုခဲ့သည် ။
သစ်ပင်ပေါ်မှာ အိပ်နေတဲ့ကောင်လေးကိုတွေ့ချိန်ကများလား ။ အချစ်က အချိန်အတိအကျသိဖို့ရောလိုရဲ့လား ။ ဝံပုလွေကောင်ကြောင့် တစ်ကိုယ်လုံးသွေးတွေပေနေတဲ့ကောင်လေးကို သူများလက်ထဲအပ်ပြီး မြွေသည်းခြေတွေလိုက်ရှာနေသည့်အချိန်ဟာ သူ့ဘဝမှာ အကြာဆုံးလို့ထင်မိတဲ့အချိန် ။ တစ်ညလုံးအနားမှာပြုစုပေးရင်း သူ့စိတ်တွေလောင်မြိုက်နေရတာကိုရော ဘယ်သူကသိနိုင်မည်တဲ့လဲ ။ နေပြန်ကောင်းလာတဲ့အခါမှာ ထပ်ပြီးအထိအခိုက်မခံနိုင်တော့လို့ ကျားယီ အစား သူ သင်ပေးတဲ့သိုင်းပညာဟာ ဒီအဆိုးလေးတစ်ယောက်တည်းအတွက်ဆိုတာကိုရော သိပါ့မလား ။
ကုန်လွန်ခဲ့တဲ့ လေးရက်လုံး သူကုပေးခဲ့တဲ့နည်းလမ်းဟာ သူ့ အသက်အန္တရယ်ကိုထိခိုက်မှာမှန်းသိတာတောင် သွေးတွေအဆုံးရှုံးခံပြီး ကုသပေးတာဟာ သိပ်ချစ်၍ဆိုသည့်အကြောင်းကို ဒီအဆိုးလေးမသိလည်းရပါသည် ။
"မြန်မြန်နိုးလာရမယ်နော် အဆိုးလေး"
နဖူးလေးကို ခပ်ဖွဖွနမ်းပြီး ကောင်းထန်ဖေး ထွက်သွားပါ၏ ။
space ထဲရှိ ရိပေါ်မှာမူ ကောင်းထန်ဖေးအားကြည့်ပြီး ထပ်အော်မိမှာစိုးလို့ Egg က သူ့ပါးစပ်ကို လက်သေးသေးလေးနှစ်ဖက်နဲ့လာဖိပိတ်ထားသည် ။
'မအော်တော့ပါဘူး ။ လက်ဖယ်ပါဦး'
စိတ်ထဲကနေပြောလိုက်တော့မှ လက်ဖယ်ပေးလာသည် ။
"ငါ ဘယ်တော့နိုးရမှာလဲ"
[ Host ကလည်း ဇွတ်]
"ဟီး...ဒါနဲ့ ငါ့ကို ခုလိုဖြစ်အောင်လုပ်တာဘယ်သူလဲ မြင်လိုက်လား"
[ သွမ့်ကျားယီ ]
"ဘာ !!! ငါက ဘာလုပ်မိလို့ သူက ငါ့လာလုပ်ရတာလဲ"
[ သွမ့်ကျားယီက လုံယန်ကို ချစ်နေတာလေ ]
"ဪ...လုံယန်ကို နမ်းလိုက်လို့လုပ်တာကို "
BẠN ĐANG ĐỌC
Saving The Villain Life System [ Ongoing...]
Fanfiction[ ZHANYI ] Cover from pinterest. Full credit to owner.