8.9

4.9K 592 22
                                    

ကိုယ့်နန်းဆောင်ကိုယ်ပြန်သွားသော အသည်းအသက်ကလေးအား ဟန်ရှောင်းခင်ဗျာမတားနိုင်ခဲ့ ။ ပေါင်ပေ့၏ နန်းဆောင်တွင် အစေခံနှင့်ကိုယ်ရံတော်များမရှိသည်ကို သူသတိရသွား၏ ။ သူ့ရဲ့ ယခင်ကလုပ်ရပ်များကြောင့် တချို့သောအစေခံများက ပေါင်ပေ့ကို မလေးစားသည့်အပြင်နှိမ်ချင်ကြမှန်းလည်း သူသိသည် ။ သည်လူများကိုတော့ ပေါင်ပေ့အနားသို့မထားနိုင်ပါ ။ ထို့ကြောင့်ပဲ သူ့ရဲ့အထိန်းတော်ကြီးဖြစ်သည့် ရှောင်လင်ကျီနှင့်စိတ်ချရသည့် အပျိုတော်၊ကိုယ်ရံတော်အချို့ကို ရွေးချယ်ကာပို့ပေးလိုက်သည် ။

အကြင်သူ ရိပေါ်ကတော့ ချက်ချင်းငြင်းပါ၏ ။

"ကုန်းကုန်းက အရှင် ငယ်ငယ်တည်းက အရှင့်ကို စောင့်ရှောက်ခစားခဲ့သူပဲ ။ အခုလို ကျွန်တော့်အနားမှာနေပေးတာက တကယ်ကိုမဖြစ်သင့်ပါဘူး"

ရှောင်လင်ကျီသည် အသက်ငါးဆယ်ကျော်ပြီဖြစ်ပြီး နန်းတော်ထဲတွင်အဆင့်အမြင့်ဆုံး ကုန်းကုန်းတစ်ယောက်ဖြစ်သည် ။ ဟန်ရှောင်းက အဲ့လိုလူကိုအရုပ်လေးလိုမျိုး ဟိုပေးသည်ပေးလုပ်တာကမဖြစ်သင့်တဲ့ကိစ္စပဲ ။

"ဒါက အရှင်မင်းကြီးရဲ့အမိန့်ပါ"

ရှောင်လင်ကျီက ရိုသေစွာပြန်ဖြေရှာ၏ ။

သူ့အနေနဲ့ အရှင်မင်းကြီးငယ်စဉ်တည်းက အထိန်းတော်ဖြစ်လာသော်လည်း အရှင်မင်းကြီးချမှတ်သောအမိန့်များအပေါ်တွင် အထွန့်တတ်ခွင့်မရှိပါ ။ ထို့အပြင် ဤကြင်ယာတော်ငယ်အား စောင့်ရှောက်ဖို့အတွက် သူလိုလားပါသည် ။

"ကျွန်တော် အရှင့်ကို ဖြောင်းဖျလိုက်ပါမယ်"

"ဖြောင်းဖျစရာမလိုဘူး ။ ခေါ်ထားလိုက်"

ဟန်ရှောင်းသည် ခမ်းနားသောနဂါးဝတ်ရုံတော်ကိုဝတ်ဆင်လျက် ရောက်လာသည် ။ ရှောင်လင်ကျီက ခေါင်းငုံကာ ဂါရဝပြုနှုတ်ဆက်လိုက်သည် ။

"ခင်ဗျား ရူးနေတာလား ။ ရှောင်လင်ကျီက အဆင့်မြင့်ကုန်းကုန်းနော်"

ဘေးနားရှိ ရှောင်လင်ကျီမှာတော့ ဘုရားတလိုက်မိသည် ။ အမလေး...ကြင်ယာတော်လေးရယ် အရှင်မင်းကြီးကို ရိုင်းပျစွာဆက်ဆံနေပါလား ။ ဟိုက အမျက်တော်ရှလျင် အသားတော်နုနု ဒဏ်ရာရနေပါအုံးမယ် ။

Saving The Villain Life System [ Ongoing...]Wo Geschichten leben. Entdecke jetzt