Part - 8

1.2K 143 41
                                    

ဆေးစစ်ချက်မှာ အကုန်လုံးအဆင်ပြေပါသည်ဟုဆိုသော်လည်း ကဲကဲပိုလွန်းသူရှောင်းကျန့်ကြောင့် ရိပေါ်တစ်ယောက် ဆေးရုံမှာနှစ်ရက်လောက်အချိန်ဖြုန်းလိုက်ရသည် ။

လူတစ်ယောက်၏စေတနာကို မစော်ကားသင့်ပေဘူးမဟုတ်ပါလား ။

ယနေ့တော့ ဆေးရုံကဆင်းမည်ဖြစ်လို့ ချန်းကလိုအပ်တာတွေလုပ်ပေးနေပြီး ရှောင်းကျန့်မှာမူ ရိပေါ်အနားတွင်ကော်နှင့်ကပ်ထားသကဲ့သို့ ကပ်နေလေ၏ ။

ဆေးရုံကဆင်းမည်ဆိုတော့ ဆေးရုံအုပ်ကြီးကပင် ဝမ်းသာအားရနှင့်ဆေးရုံအပေါက်ဝထိလိုက်ပို့ပေးသည် ။

"ဟိုလေ..အပန်းမကြီးရင် ရပ်ကွက် ၂ ထဲလိုက်ပို့ပေးပါလား"

"ရပါတယ်"

အိမ်ပြန်မည့်လမ်းကြောင်းပေါ်ရောက်နေသည့် ချန်းက ကားကိုပြန်ကွေ့လိုက်သည် ။

"လူတစ်ယောက်ကိုကတိပေးထားလို့"

ဘေးတွင်ထိုင်နေသည့် ရှောင်းကျန့်က ကြည့်နေ၍ ရိပေါ် အလိုက်သိစွာပင်ဖြေပေးလိုက်သည် ။ ရှောင်းကျန့်က ခေါင်းညိတ်၍ဘာမှတော့မပြောလာ ။

နာရီဝက်ခန့်မောင်းနှင်ပြီးသည့်နောက်မှာတော့ ရပ်ကွက် ၂ သို့ရောက်ရှိလာပြီဖြစ်၏ ။ ရိပေါ်က ကားပေါ်မှဆင်းလိုက်ပြီး သူစုံစမ်းသိရှိထားသည့် အိမ်နံပါတ်ကိုလိုက်၍ရှာသည် ။

လူလတ်တန်းစားအချို့နှင့် ဆင်းရဲသားများသာ အနေများသည့်ရပ်ကွက်ဖြစ်၍ အိမ်လမ်းများကကျဉ်းကာ တခါတရံအနံ့အသက်လည်း သိပ်မကောင်းလှ။

"စောက်ကလေး တစ်နေ့တစ်နေ့ ဒုက္ခပေးဖို့ပဲတတ်တယ် ။ နင့်အဖေက ထောင်ထဲမှာ ။ ငါက နင့်ကိုအလကားတင်ထားပြီးကျွေးမွေးနေရတာ !!!"

မိန်းမတစ်ယောက်၏ ဆဲရေးတိုင်းထွာသံများက သုံး၊လေးအိမ်အကျော်ကကြားရလောက်သည်အထိကျယ်လောင်လွန်းလှသည် ။

"ပြောလိုက်ရင်လည်း မထုံတက်သေးနဲ့ "

ရိပေါ်က ထိုအိမ်ရှေ့သို့ရောက်သွားပြီး အိမ်နံပါတ်ကိုကြည့်လိုက်သည့်အခါ သူရှာနေသည့်အိမ်ဖြစ်ကြောင်းသိလိုက်ရသည် ။ သို့နှင့် သူက လူခေါ်ဘဲလ်လည်းမရှိသည်ဖြစ်ရာ သစ်သားတံခါးကိုတွန်းပြီး အိမ်ထဲသို့သာတိုက်ရိုက်ဝင်သွားလိုက်၏ ။

Saving The Villain Life System [ Ongoing...]Tahanan ng mga kuwento. Tumuklas ngayon