မနက်လင်းစပြုတည်းက ဟန်ရှောင်းသည် သူအပန်းဖြေနေကြဖြစ်သည့် ဥယျာဉ်အတွင်း၌ထိုင်နေလေ၏ ။ သူ၏ စိတ်အစဉ်သည် ခန္ဓာကိုယ်မှဝေးကွာနေကာ မနေ့ညကကြားသိခဲ့ရသည့် ယန်ပေါ်ကျင်းပြောလာသော စကားများထံတွင်သာ တဝဲလည်လည်ဖြစ်လို့နေသည် ။
အရင်ဘဝကတဲ့လား ။ ယန်ပေါ်ကျင်းက သူ့လိုပဲ ပြန်မွေးဖွားလာခဲ့တာလား ။ ပြန်မွေးလာတယ်ပဲဆိုအုံးတော့ ဘယ်ဘဝက ယန်ပေါ်ကျင်းလဲ ။ အဲ့တာထက် တကယ်ပဲပြန်မွေးလာတယ်ဆိုရင် သူ့လက်ထဲကနေရှောင်ပြေးဖို့ ကြိုတင်စီစဉ်နိုင်ပါရဲ့နဲ့ ဘာလို့မလုပ်တာလဲ ။ သူ့အချစ်တွေကို တကယ်ပဲမြင်နိုင်သွားတာကြောင့်လား ။
မဟုတ်သေးဘူး ။ သည်တလောမတိုင်ခင်အထိ သေချာပေါက်ကို သူ့ကိုမုန်းတီးဆန့်ကျင်နေတာ ။
ဟန်ရှောင်းသည် ခပ်လှောင်လှောင်ပြုံးလိုက်မိ၏ ။
သေချာပေါက်ကို လှည့်ကွက်တစ်ခုပဲဖြစ်မှာ ။
တစ်ဖက်တွင်လည်း ရိပေါ်က နောက်ထပ်အစီအစဉ်များကို စဉ်းစားလို့နေသည် ။
မနေ့ညက သူပြောခဲ့သောစကားများသည် တမင်ရည်ရွယ်တာဖြစ်ပြီး ဟန်ရှောင်း ယုံသည်ဖြစ်စေ ၊ မယုံသည်ဖြစ်စေ သူဘာမှမဖြစ်ပေ ။ အဘယ်ကြောင့်ဆိုသော် ဟန်ရှောင်း သူ့ကို မယုံလောက်မှန်းစဉ်းစားမိလို့ပင် ။
နှစ်ဘဝလောက်သစ္စာဖောက်ထားတဲ့လူကို ဘယ်အရူးကယုံမှာလဲနော် ။
'Egg ငါ တစ်ခုခိုင်းစရာရှိတယ်'
[ 200 points ]
' မဟုတ်သေးဘူး ။ မင်းဟာက ဈေးမြင့်မြင့်လာပြီ'
[ တကယ်ဆို အပြစ်ပေးခံရရင် system ကကူညီခွင့်မရှိဘူး ။ Host က အကန်းလေးမလို့ကူညီခွင့်ရထားတာ ။ points လေးနည်းနည်းကို တွက်ကပ်မနေပါနဲ့ ]
မကျေမနပ်နှင့် ပြန်ခံပက်ချင်ပါသော်လည်း အနှီယုန်စုတ်က သူ့ကိုအကူအညီမပေးတော့မှာစိုး၍ points လေးတွေကိုအမျှဝေကာပေးလိုက်ရလေသည် ။
Egg ရဲ့အကူအညီများက အမှန်တကယ်ကိုအလုပ်ဖြစ်ပါ၏ ။ အဲ့သည်လိုအလုပ်ဖြစ်ဖို့ရာအတွက် သူ့ point တွေကိုလည်းအသုံးပြုထားရသည်မဟုတ်ပါလား ။
DU LIEST GERADE
Saving The Villain Life System [ Ongoing...]
Fanfiction[ ZHANYI ] Cover from pinterest. Full credit to owner.