6.5

4.7K 693 59
                                    

"ငါတို့ တစ်ခုခုရှာတွေ့လာတယ်"

လီယမ် နှင့် အဲရစ်သည် သူတို့သုံးယောက်အနားရောက်လာ၏ ။

"ဘာရှာတွေ့တာလဲ"

တာကာရှီက မေးလိုက်သည် ။

"လိုက်ကြည့်သင့်တယ်"

"ဒါဆို သွားကြတာပေါ့"

လင်းနေဆဲအချိန်ဖြစ်၍ သူတို့သာခုနကလို လိုက်မမွှေမိရင် သရဲထွက်လာမည်မဟုတ်လောက်ချေ ။ ထို့ကြောင့် စိတ်အေးလက်အေးပင် ယခုလိုသွားလာရဲခြင်းဖြစ်၏ ။ ချောင်အကျဆုံးလမ်းချိုးထောင့်ကိုရောက်သည့်အခါတွင်တော့ ထူးဆန်းသောတံခါးကိုတွေ့လိုက်ရလေသည် ။ ထိုတံခါးကို လူ၏အရိုးတွေနဲ့ပြုလုပ်ထားတာဖြစ်ပြီး ပုပ်နံ့ပင်ထွက်နေသယောင် ။

ရိပေါ်သည် ထိုအရိုးတွေကိုထိကိုင်ကာစမ်းကြည့်၏ ။ ထိုအရိုးများကြားတွင် သော့ပေါက်လိုအရာလည်းရှိသည် ။

"ဒါက နောက်တစ်ဆင့်ကိုသွားလို့ရမယ့် တံခါးပေါက်ဖြစ်မယ်ထင်တယ်"

"ဖြစ်နိုင်ပါ့မလား ။ ငါတို့က ဘာသဲလွန်စမှလည်း မတွေ့သေးဘူးလေ"

လီယမ်သည် ရိပေါ်၏စကားကို တုန့်ပြန်လာသည် ။ လီယမ်ပြောသည့်စကားကလည်း အကျိုးအကြောင်းသင့်သည်မလို့ အကုန်လုံးက ခေါင်းတညိတ်ညိတ် ။

"ရှာရမှာပေါ့"

ပြောပြီးသည်နှင့် ရိပေါ်သည် အေးအေးလူလူပင် ထွက်သွားလေ၏ ။ သူ ဗိုက်ဆာတယ် ။ စားစရာအရင်ရှာရမယ် ။

မီးဖိုချောင်ရှိသည့်နေရာအား ချန်းဆီမေးပြီး သွားကြည့်လိုက်တော့ တတိယထပ်နှင့်မတူညီစွာပင် အရာအားလုံးကသပ်သပ်ရပ်ရပ်တည်ရှိနေပြီး ရေခဲသေတ္တာတောင်ရှိသေးသည် ။

ရိပေါ်သည် ဝမ်းသာအားရနဲ့ ရေခဲသေတ္တာတံခါးအား ဆွဲဖွင့်လိုက်သော်လည်း ရေခဲသေတ္တာထဲတွင်ရှိနေသည့်အရာကြောင့် လန့်သွားရပြီး ဒုန်းခနဲအသံမြည်သည်အထိဆောင့်ပိတ်လိုက်မိသည်အထိပင် ။

အဘယ်ကြောင့်ဆိုသော် ရေခဲသေတ္တာထဲတွင် စားစရာတစ်ခုမှမရှိဘဲ အမျိုးသမီးခေါင်းပြတ်တစ်ခုနှင့် ခြေပြတ် ၊ လက်ပြတ်တွေသာရှိသည် ။ ခေါင်းပြတ်၏ မျက်နှာတစ်ခြမ်းမှာ အပေါ်ကအရေပြားခွာခံထားရပြီး မျက်လုံးသည်လည်း မျက်လုံးအိမ်ထဲမှအပြင်သို့ တစ်ဝက်ထွက်ကျနေသေးသည် ။ ကျန်သည့်တစ်ခြမ်းကတော့ အကောင်းပကတိအတိုင်းတည်ရှိနေပြီး သေချာကြည့်မယ်ဆိုလျှင် ပြုံးယောင်ယောင်ဖြစ်နေတာကိုပင် တွေ့ရလိမ့်မည် ။

Saving The Villain Life System [ Ongoing...]Where stories live. Discover now