"ရှန်းကျန့်"
ရှန်းကျန့်သည် ရှောင်းကို ဘာမှမထူးခြားသလိုကြည့်လိုက်ပြီး...
"ရှောင်း မင်းကို လူသတ်မှု ၊ ပြန်ပေးဆွဲမှုတွေနဲ့ဖမ်းပါတယ်"
ထို့နောက် သူက ရှောင်းကို လက်ထိပ်ခတ်လိုက်သည် ။
"ငါ မင်းကို ဝမ်ကောရဲ့သူငယ်ချင်းမလို့လွှတ်ပေးထားတာ မှားသွားတာပဲ"
"နောက်မလုပ်မိစေနဲ့ပေါ့"
"ရှန်းကျန့် ငါ သေသွားရင်တောင် ဝမ်ကောက မင်းကို ကြိုက်လာမှာမဟုတ်ဘူး ။ နောက်ပြီး ဝမ်ကောကို ငါပိုင်ဆိုင်ပြီးသွားပြီ"
ရှန်းကျန့်သည် ရှောင်းကို အနီးနားကရဲသားတွေလက်ထဲအပ်လိုက်ပြီး ခေါ်သွားစေသည် ။
ရှောင်း ပြောသလိုမျိုး ပေါ်ဝမ်က သူ့ကိုပြန်မကြိုက်ဘူးဆိုတာ သူသိသည် ။ အဲ့လိုဆိုရင်တောင်မှ ရှောင်းနဲ့အတူတူလမ်းမှားကိုလျှောက်ပြီး ပေါ်ဝမ်ရဲ့ဘဝနစ်မွန်းသွားမှာကို သူမလိုလားလို့ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်နဲ့ တားရပေလိမ့်မည် ။
ကားထဲကိုမဝင်ခင်လှမ်းမြင်လိုက်ရသည့် ပုံရိပ်လေးကြောင့် ရှန်းကျန့်က သူ့တပည့်တွေကိုအရင်သွားနှင့်စေလိုက်ပြီး သူကတော့ စစ်ဆေးစရာရှိသေးလို့ဟုဆိုကာ ဘေးဖက်သို့လျှောက်လာခဲ့လိုက်တော့သည် ။
"ငါနဲ့လိုက်ခဲ့"
ရှန်းကျန့်က ရိပေါ်၏လက်ကို ဆွဲကာ ရဲတွေနှင့်ဝေးရာကိုခေါ်လာခဲ့သည် ။
"ရှန်းကျန့် မင်း !!!"
ခြံဝန်းကျယ်ကြီးရှေ့တွင်ပြည့်နှက်နေသည့် ရဲတွေကိုကြည့်ပြီး ရိပေါ်သဘောပေါက်သွားရသည် ။ သူ ရှန်းကျန့်ကို စူးရဲစွာစိုက်ကြည့်လိုက်၏ ။
"မင်း လက်ချက်ပေါ့ ။ ရှောင်း ဘယ်မှာလဲ"
"သူ သေသွားပြီ"
ဆုပ်ကိုင်ခံထားရသည့်လက်ကိုရုန်း၍ ရိပေါ် ရှန်းကျန့်ကိုအားအကုန်သုံး၍ ထိုးချပစ်လိုက်၏ ။
"ငါ့ကို သစ္စာဖောက်ရုံနဲ့အားမရလို့ ငါ့ချစ်သူကိုသေပြီလို့ပါ လာလိမ်နေတယ်ပေါ့လေ"
KAMU SEDANG MEMBACA
Saving The Villain Life System [ Ongoing...]
Fiksi Penggemar[ ZHANYI ] Cover from pinterest. Full credit to owner.