part - 3

3.3K 477 73
                                    

အခန်းထဲက ခုတင်ပေါ်မှာ ငြိမ်သက်စွာအိပ်ပျော်နေသည့် ရိပေါ်ကိုကြည့်၍ ရှောင်းကျန့်က နဖူးထက်ဝဲကျနေသည့်ဆံစများကိုသပ်တင်ပေးလိုက်၏ ။ ထို့နောက် နဖူးအားငုံ့နမ်းတော့မည့်အချိန်မှာ လိမ္မော်ရောင်စွမ်းအင်တစ်ခုကကာဆီးလာသည် ။

ရှောင်းကျန့် တစ်ယောက်ဒေါသတွေမျိုချလိုက်ရင်း...

"ချန်း"

"ဪ...သခင်ပဲ ။ ကျွန်တော်က ဝမ်ရိပေါ် မသမာတဲ့လူကြီးလက်ထဲရောက်နေတာမှတ်လို့"

လက်စွပ်အဖြစ်ကနေ လူပုံစံပြောင်းသွားသည့် ချန်းသည် လိမ္မော်ရောင်ဖျော့ဖျော့ခေါင်းစွပ်အနွေးထည်အား ဂျင်းဘောင်းဘီအနက်ဖြင့်တွဲဖက်ဝတ်ဆင်ထားပြီး လက်ပိုက်ထားကာ နံရံတွင်မှီရပ်နေသည့် အနေအထားအတိုင်းပေါ်လာသည် ။

"မင်း တမင်လုပ်တာမလား"

"သခင်မှန်းမသိလိုက်လို့ပါနော်"

"ထားလိုက်တော့ ။ သူ ဘယ်လိုအခြေအနေရှိလဲ"

"အရမ်းကောင်းပါတယ် ။ အစစအရာရာဂရုစိုက်ပေးမဲ့ ဇနီးလောင်းချောချောလေးလည်းရှိတယ်"

'ဇနီးလောင်း' ဆိုသည့်စကားကြောင့် ရှောင်းကျန့်မျက်နှာကြီးပုပ်သိုးသွားတော့သည် ။ ချန်းက သူ့သခင်ကိုကြည့်ရင်း လောင်စာဆီထပ်ဖြည့်ပေးဖို့ကိုလည်းမမေ့ ။

"စဉ်းစားကြည့်မယ်ဆို ဝမ်ရိပေါ်သာ system နဲ့မချိတ်ဆက်မိခဲ့ရင် အခုလောက်ဆို အဲ့မိန်းကလေးနဲ့လက်ထပ်ပြီးနေ..အဟွတ်..အဟွတ်!"

ရှောင်းကျန့်ဆီကထုတ်လွှတ်လာသည့် ဖိအားများကြောင့် ချန်းမှာ ချောင်းတောင်ဆိုးသွားရသည် ။ ရှောင်းကျန့်က ရိပေါ်၏ အပေါ်သက်ရောက်မှုရှိမှာစိုး၍ သူထုတ်လွှတ်ထားသည့်ဖိအားကို ပြန်သိမ်းလိုက်၏ ။

"အဲ့မိန်းမနာမည်ဘယ်သူလဲ"

"လင်မိန်ယွိ..ဘာလုပ်မလို့လဲ ။ သွားသတ်မလို့လား"

လည်ပင်းကိုခပ်ဖွဖွပွတ်ရင်း ချန်းကပြန်မေးလိုက်သည် ။ သူ့သခင်မျက်နှာကြီးက ခရမ်းသီးပုပ်ကြီးလိုပဲ..ဟီးဟီး ။

"သတ်လိုက်ရမလား"

"အဲ့လိုလုပ်လို့မရဘူးလေ"

Saving The Villain Life System [ Ongoing...]Dove le storie prendono vita. Scoprilo ora