9.11

4.1K 572 29
                                    

သည်ရက်ပိုင်းတွေမှာ သူ့ကိုရှောင်နေသည့် ကိုကို့ကြောင့် ရှီဇန်းအတော်လေးကိုနေရခက်ပါသည် ။ ထို့အပြင် ကိုကိုက ကျောင်းကိုပြန်သွားပြီး စနေ၊တနင်္ဂနွေပိတ်ရက်များမှာတောင် အိမ်ကိုပြန်မလာတော့ ။ မေမေတို့ကိုခေါ်ခိုင်းတော့လည်း စာမေးပွဲနီးလို့အိမ်ပြန်မလာတာဆိုပြီး ငြင်းလွှတ်သည် ။

သူ့ကိုရှောင်ချင်လို့ အိမ်ပြန်မလာတာမှန်း သူသိပါသည် ။ ပြီးတော့ သူကိုကို့ကို ချစ်တယ်လေ အဲ့ဒါက ဘယ်နားမှာများမှားနေလို့လဲ ။ ညီအစ်ကိုအရင်းကမချစ်ရဘူးဆိုတဲ့သတ်မှတ်ချက်လား ဖီ! စောက်ဂရုကိုမစိုက်တာ ။ သူ့အတွက် ကိုကိုကလွဲရင် ဘယ်အရာကမှအရေးပါမနေဘူး ။

ကျောင်းမတက်ဘဲ ကိုကို့ကျောင်းရှေ့မှာ တွေ့လိုတွေ့ငြားသွားစောင့်သော်လည်း အချည်းနှီးသာ ။ ကိုကိုက အမှန်ပင် နေနိုင်ပါသည် ။ သူနဲ့ချစ်သူလိုမနေနိုင်ဘူးဆိုရင်တောင် ဒီအတိုင်းလေး ချစ်နေခွင့်ပေးဖို့ သူတောင်းဆိုချင်သည် ။

တစ်လတိတိ ကိုကို့ကျောင်းရှေ့သွားစောင့်ပြီးနောက်မှာတော့ ကိုကိုနဲ့ တွေ့ခွင့်ရခဲ့လေပြီ ။ မကြည်မသာမျက်နှာနဲ့ သူ့ရှေ့ရောက်လာသည့် ကိုကို့ကြောင့် ရင်ထဲက ဆစ်ခနဲ ။ အဲ့လောက်တောင် မုန်းသွားတာလားလေ ။

"ကိုကို"

"ပြောစရာရှိတာပြော ။ ကျောင်းမတက်ဘဲနေ့တိုင်းလာစောင့်ရလောက်အောင် မင်းက အားယားနေပေမဲ့ ငါမအားဘူး"

"ကိုကို ကျွန်တော်တို့ အရင်လိုပြန်နေကြမယ်လေ မကောင်းဘူးလား"

"အရင်လို..."

ပြောပြီးနောက် ရိပေါ်က ခြောက်ကပ်ကပ်ဖြင့်ထရယ်လိုက်သည် ။ ပြီးတော့ သူကဆက်ပြောလိုက်၏ ။

"မင်း နေနိုင်လို့လား ။ ညီလေးကောင်း တစ်ယောက်အဖြစ်လေ"

"ကျွန်တော်...နေနိုင်တယ်"

"အိုကေ စောင့်ကြည့်ရသေးတာပေါ့ ။ အခုပြန်တော့"

ကျောင်းထဲပြန်ဝင်တော့မည့် ရိပေါ်ကို ရှီဇန်းက လက်ကနေလှမ်းဆွဲလိုက်သည် ။

"ဘာကိစ္စရှိသေးလို့လဲ"

"ဒီတစ်ပတ်ပိတ်ရက်ကျရင် ကိုကို အိမ်ပြန်လာမှာလား"

Saving The Villain Life System [ Ongoing...]Where stories live. Discover now