3.5

7.4K 876 22
                                    

ရိပေါ် ပဲရစ်မှာရောက်နေတာ တစ်နှစ်ရှိပြီဖြစ်သလို ထောင်ဝေရဲ့ သူ့အပေါ်စိတ်ခံစားချက်ကလည်း 100% ကိုပြည့်သွားပြီဖြစ်သည် ။ သို့ပေမယ့် ထောင်ဝေက အခုမှ သူ့အပေါ်ကိုချစ်လာတာဖြစ်ပြီး နောင်တရအောင်မလုပ်ရသေးသည့်အတွက် mission ကလုံးလုံးမပြီးဆုံးသေးပေ ။ ပဲရစ်နဲ့တရုတ်ကို သွားလိုက်ပြန်လိုက်နဲ့ လုပ်နေတဲ့ ထောင်ဝေကတော့ တစ်ခါတစ်လေပိုက်ဆံတွေကုန်ကြောင်း ညည်းတွားပြပေမယ့် ရိပေါ်ကတော့ဂရုမစိုက်ပါဘူး ။ ဘာလို့်လဲဆိုတော့ သူခေါ်တာမှမဟုတ်တာ ကိုယ့်ဘာသာကိုယ်ဖင်ယားပြီးလာတာကို ။

ထောင်ဝေ သူ့ကိုပဲရစ်ပို့လိုက်တာဟာ တမင်လုပ်တာဖြစ်ကြောင်းသိပေမယ့် တကယ်အလုပ်ကိစ္စနဲ့လွှတ်လိုက်တာလို့လည်း ရိပေါ်တွေးမိပြန်သည် ။ ဘာလို့ဆို ပဲရစ်ကလုပ်ငန်းတွေအားလုံးက သေချာကြီးကြပ်ပေးမယ့်သူမရှိတော့ ချို့ယွင်းချက်တွေအများကြီးဖြစ်ပေါ်နေသည် ။ ဒီတစ်နှစ်အတွင်းမှာ သူအတော်ကြိုးစားပြီးလိုက်စီစဉ်ပေးနေပေမယ့် အခုထိချို့ယွင်းချက်တွေရှိနေဆဲပင် ။ ဒီကြားထဲ မြေနေရာလုသည့်ပြိုင်ဘက်ကပေါ်လာသေးတာကြောင့် လိုက်ရှင်းရပြန်သည် ။

တရုတ်ကနေတကူးတက ဒုက္ခလာလာပေးနေတဲ့ ထောင်ဝေကိုပါထည့်ပေါင်းလိုက်မယ်ဆိုရင် ပဲရစ်ကိုရောက်နေတဲ့ ရိပေါ်ဘဝလေးကတော်တော်ကိုမလွယ်ကူပါဘူး ။

[ အဲ့တာကြောင့်ပြောတာ ဘာလို့ ပဲရစ်ကိုပြောင်းခဲ့တာလဲ ။ ဇာတ်လိုက်ကိုကယ်ရအောင် ဟိုကဇာတ်လိုက် ချီးတွင်းထဲပြုတ်ကျရင်တောင် မိုးထိတက်နိုင်မယ့်အခြေအနေပေါ်လာဦးမှာ ။ Host ကတော့ ချီးတွင်းထဲပြုတ်ကျရင် စုံးစုံးမြုပ်မှာနော် ]

"ငိုး...ရွံစရာကြီးကွာ ။ တခြားဥပမာပေးလို့မရဘူးလား မင်းပဲ အဲ့တွင်းထဲမှာမြုပ်မှာ"

[ ကျွန်တော့်မှာ အတောင်ပံပါတယ်]

"အဲ့အတောင်ကိုဖြုတ်ပြီး ငါနှစ်ပေးမယ်"

[မလိုပါဘူး...ဟမ့်]

"ဟွန့်...ငါ ပဲရစ်ကိုပြောင်းလာတာ ဇာတ်လိုက်အတွက်အများကြီးအထောက်အကူဖြစ်မှာ မင်းစောင့်ကြည့်နေလိုက်"

Saving The Villain Life System [ Ongoing...]Hikayelerin yaşadığı yer. Şimdi keşfedin