9.18

4.1K 472 13
                                    

ရိပေါ်က ပြဿနာကိုမရှာသော်ငြား ပြဿနာကတော့ ရိပေါ်ကိုလာရှာပါ၏ ။ မကြာသေးခင်ကမှ ရိပေါ်နှင့်အိမ်ထောင်ဖက်တွေ့ခဲ့ရသော အမျိုးသမီးသည် ရိပေါ် Company ဆီသို့ရောက်လာ၏ ။

"မိုမိုစံ ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

"ဟာရုကီစံကို တွေ့ချင်လို့ပေါ့ ။ မကြိုဆိုဘူးလား"

"မဟုတ်တာ ။ ထိုင်ပါအုံး"

ဆိုဖာပေါ်တွင် နေရာယူထိုင်လိုက်ကြပြီး ဟိုဟိုသည်သည်ပြောဖြစ်ကြ၏ ။

"အစ်ကိုကြီး ကော်ဖီ"

ယုကီက ရုံးခန်းထဲရောက်လာကာ ကော်ဖီနှစ်ခွက်ချပေးသည် ။ ရိပေါ် ကော်ဖီတစ်ခွက်ကိုလှမ်းယူလိုက်ပြီး...

"ဒါက ညီအလတ် ယုကီတဲ့"

"တွေ့ရတာဝမ်းသာပါတယ် ယုကီစံ"

"ဟုတ်ကဲ့ ။ အစ်ကိုကြီး ခိုင်းစရာမရှိရင် သွားခွင့်ပြုပါအုံး"

ရိပေါ်က ခေါင်းညိတ်လျက်အဖြေပေးသည့်အခါ ယုကီသည် တစ်ဖက်မိန်းကလေးအား အဓိပ္ပာယ်ဖော်၍မရနိုင်သော အကြည့်ဖြင့်ကြည့်ပြီးမှသာထွက်သွားလေသည် ။

ထိုအကြည့်တို့အား မည်သူမှသတိမထားမိလိုက်ကြ ။

ယုကီ အပြင်သို့ထွက်လာသည့်အခါ အဝင်ဖုန်းတစ်ခုအားလက်ခံရရှိလေ၏ ။ သီးသန့်ထားထားသော ဖုန်းမှဖြစ်နေကြောင်းသိသည့်အခါ သူ၏မျက်နှာသည် အနည်းငယ်ပြောင်းလဲလို့သွားသည် ။ ထို့နောက် လူရှင်းသည့်နေရာသို့လျှောက်သွားလိုက်ပြီး ဖုန်းကိုကိုင်လိုက်တော့၏ ။
.
.
.
ရှီဇန်းသည် ရိပေါ်၏ အလုပ်စားပွဲပေါ်တွင်တက်ထိုင်နေပြီး ရိပေါ်ထိုင်နေသည့် ခုံလက်ရန်းတွင်ခြေထောက်တစ်ဖက်ကိုတင်ထားလေ၏ ။

"ရှီဇန်း သူများမြင်ရင်မကောင်းဘူးနော်"

မိုမိုသည် ရိပေါ် ရုံးခန်းထဲရှိ သန့်စင်ခန်းကိုအသုံးပြုနေတာဖြစ်လို့ အချိန်မရွေးထွက်လာသည့်အခါ ဤမြင်ကွင်းနှင့်တည့်တည့်တိုးသွားပါက မိမိတို့ချစ်သူနှစ်ယောက်ကဘာမှမဖြစ်သော်လည်း သူမ ကတော့ သွေးတက်သွားနိုင်သည်လေ ။

ရိပေါ် သတိပေးစကားဆိုသော်လည်း ရှီဇန်းက ပြုံးလိုက်ပြီး ခါးအနည်းငယ်ကိုင်းကာ လက်ညိုးတစ်ချောင်းတည်းဖြင့် ရိပေါ်၏မေးစေ့မှပင့်မလိုက်သည် ။

Saving The Villain Life System [ Ongoing...]Wo Geschichten leben. Entdecke jetzt