9.3

4.4K 581 63
                                    

ညနေကျောင်းဆင်းသည့်အချိန်တွင် ရိပေါ် တကယ်ပဲ ရှီဇန်းကို သူ့ကားလိုက်မစီးခိုင်းခဲ့ပေ ။

"ကားခဏရပ်ပေး !"

စတိုးဆိုင်တစ်ခုရှေ့ကနေဖြတ်တဲ့အခါ ကားရပ်ခိုင်းလိုက်ပြီး သူ ပူရှိန်းသကြားလုံးထုပ်နှစ်ထုပ် ဝင်ဝယ်ဖြစ်ခဲ့သည် ။ ကားနှစ်စီးသည် ရှေ့ဆင့်နောက်ဆင့်ပင် အိမ်တော်သို့ရောက်လာ၏ ။ ရိပေါ် ကားထဲမှထွက်ကာ ဧည့်ခန်းတွင်ထိုင်နေသည့် ရှီဇန်းရဲ့ အမေကို ခဏလှမ်းကြည့်ပြီးမှ ပြန်ရောက်ပြီ ဖြစ်ကြောင်းနှုတ်ဆက်ပြီးအပေါ်က သူ့အခန်းဆီတက်လာလိုက်တော့သည် ။

အိမ်တော်ထိန်းကြီးနှင့်မေမေလေးဖြစ်သူမှာတော့ ရိပေါ်ရဲ့ အပြုအမူကြောင့် ကြောင်အနေကြပြီး ထို့နောက်တွင် သဘောကျစွာပြုံးလိုက်မိကြသည် ။ မိုရီသည် ဖုန်းထုတ်လိုက်ပြီး သူမ၏ယောက်ျား ဟီဇရှိထံသို့ဖုန်းဆက်ပြီး သူမတို့ရဲ့သားကြီးက ကျောင်းကအပြန် နှုတ်ဆက်ကြောင်းဝမ်းသာစွာလှမ်းပြောလေသည် ။

ယုကီသည် အခန်းထဲရောက်သည်နှင့် သူ့လွယ်အိတ်ကိုပစ်ချလိုက်သည် ။

' system ဟာရုကီရဲ့အပြုအမူတွေက ဘာလို့ပြောင်းနေတာလဲ'

[ system မှ မူမမှန်တာကိုမတွေ့ရှိပါ ]

ယုကီ သူ့ဆံပင်တွေကို စိတ်ရှုပ်စွာဆွဲဖွလိုက်မိသည် ။ ဟာရုကီ ပြောင်းလဲနေတယ်လို့ သူထင်မိသော်လည်း ထိုလူသည်ဇာတ်ကြောင်းထဲကအတိုင်း သူနဲ့ရှီဇန်းကို အနိုင်ကျင့်မြဲကျင့်နေဆဲ ။ နေ့လယ်က ဖြစ်ခဲ့သောကန်တင်းကိစ္စသည် သက်သေပင် ။

[ Host ကြောင့် ဇာတ်ကောင်စရိုက်တွေပြောင်းလဲမှုဖြစ်လာတယ်လို့ system မှယူဆပါတယ် ]

ထိုအကြောင်းပြချက်ကမှန်တယ်လို့ ယုကီထင်သည် ။ သူသည် မူလယုကီရဲ့ ငကြောက်ကောင်စရိုက်ကနေခွဲထွက်ပြီး ဇာတ်လိုက်ကိုကာကွယ်ပေးထားသည့်အပြင် ယုကီက ဟီဇရှိရဲ့သားအရင်းမဟုတ်ဘူးဆိုသည့် အချက်အလက်များကိုပင်ဖျောက်ဖျက်ထိန်းသိမ်းထားသေးသည် ။ ထိုအချက်အလက်အား သူတစ်ယောက်တည်းကလွဲရင် ဒီကမ္ဘာရှိမည်သူမှမြင်လိမ့်မည်မဟုတ်ချေ ။

သူ့အလုပ်က ဟာရုကီကို အဆိုးဆုံးဘဝအားပေးအပ်ဖို့ပင် ။ သူဖြတ်သန်းလာတဲ့ ကမ္ဘာများတွင်ရှုံးနိမ့်ခြင်းဟူသည်မရှိခဲ့ ။ ပြီးတော့ သူက ယုကီဆိုတဲ့အရံဇာတ်ကောင်လေးကို ထိပ်ဆုံးရောက်အောင်လုပ်ပြမယ် ။

Saving The Villain Life System [ Ongoing...]Donde viven las historias. Descúbrelo ahora