2.7

6.8K 905 28
                                    

ညအမှောင်က ကြယ်ရောင် ၊ လရောင်ပင်မရှိ၍ပိုပြီးတော့မှောင်နေသယောင် ။ ထင်းမီးဖိုထားသည့်နေရာမှ တဖျောက်ဖျောက်မြည်သံနှင့်အတူ လူတစ်ယောက်၏ အံကြိတ်သံနှင့်အတူ ကြာပွတ်ကိုလွှဲရိုက်သံတို့က တဖြန်းဖြန်းမြည်လျက် ။

လုံးပတ်တုတ်ခိုင်သောတိုင်လုံးကြီးနှစ်ခုကြားတွင် ကောင်လေးတစ်ယောက်သည် သံကြိုးများဖြင့်လက်ကိုတစ်ဖက်တစ်ချက်စီဆွဲကာ ချည်နှောင်ခံထားရသည် ။ ထိုကောင်လေး၏ ငွေရောင်ဆံပင်များကို ကြာပွတ်နှင့်လူကဆုပ်ကိုင်ကာ မျက်နှာကိုဆွဲမော့လိုက်၏ ။

"ရိဒ် ဘယ်လိုခံစားရလဲ"

"မင်းကို သနားစရာကောင်းတဲ့လူလို့ ခံစားရတယ် ဟက်ဟက်"

"ရိဒ် ကမ်ဘဲလ် !!!!!"

"ဖြန်း !!!"

ကြာပွတ်သည် သွေးများချင်းချင်းနီနေသောကိုယ်ပေါ်သို့ ထပ်မံကျရောက်လာသည် ။

"ချာလီ မင်းငါ့ကိုရိုက်တော့ မင်းလိုချင်တာရသွားရောလား"

"မင်း သေရင်ရမှာပါ"

"အိပ်မက်ကနေမနိုးထနိုင်သေးဘူးဘဲ ။ မင်းမှာ အရည်အချင်းမရှိလို့ အမဲလိုက်မျိုးနွယ်စုရဲ့ ခေါင်းဆောင်နေရာကိုမရတာပေါ့ "

"မင်းအဘိုးရဲ့ အရှိန်အဝါကြောင့်မရတာ !!! ။ မင်းတို့မြေးအဘိုးက အာဏာကိုအလွဲသုံးစားလုပ်နေတာ"

ချာလီက ဒေါသတကြီးအော်ပြောလာသည် ။

"သနားစရာကောင်းလိုက်တဲ့ အာဏာရူးပဲ ။ ဒါဆို ထပ်ပြိုင်မလား ။ ဒီတစ်ခါကျရင် ငါ့ဓားသွားက မင်းလည်ပင်းကိုဖြတ်သွားလိမ့်မယ်"

"ဘာလို့ထပ်ပြိုင်ရမှာလဲ ။ မင်းက မကြာခင်သေတော့မှာပဲဟာ ။ အစောင့်တွေ ဒီကောင့်ကိုဆားထည့်ထားတဲ့ရေနဲ့ တစ်ပုံးလောက်လောင်းချပေးလိုက်"

ချာလီသည် အစောင့်အချို့ကိုအမိန့်ပေးကာ ထွက်သွားလေသည် ။ အစောင့်နှစ်ယောက်သည် ချာလီ၏စကားအတိုင်း ဆားထည့်ဖျော်ထားသည့်ရေတစ်ပုံးကိုယူကာ ရိပေါ်၏ခေါင်းပေါ်မှလောင်းချလိုက်ကြသည် ။ သို့သော်လည်း ရိပေါ်ထံမှ အသံသေးသေးလေးပင်ထွက်မလာပါချေ ။ ထို့အပြင်သူ့အားရေဖြင့်ပက်ကာဆော့ကစားနေသည့်နှယ် အေးဆေးသာဖြစ်လို့နေသည် ။

Saving The Villain Life System [ Ongoing...]Donde viven las historias. Descúbrelo ahora