3.9

7.5K 842 45
                                    

အဖြူရောင်မွေ့ယာကုတင်ကြီးထက်ဝယ် ရိပေါ်သည် လက်ကိုတစ်ဖက်တစ်ချက်စီကြိုးဖြင့်ချည်နှောင်ခံထားရလေသည် ။ လက်တင်ပဲလားဆိုတော့မဟုတ် ခြေထောက်ပါထိုနည်းအတိုင်းအချည်ခံထားရသည် ။

[Host အဆင်ပြေလား]

'အင်း'

[ဪ မပြေဘူးဆိုလည်းခံလို့ပြောမလို့]

ဝမ်ရိပေါ် : "........"

Egg က ကြိုးတုပ်ခံထားရသည့် ရိပေါ်၏ဘေးနားတွင်ငုတ်တုပ်ကလေးထိုင်နေ၏ ။ သူ၏ယုန်နားရွက်များကဟိုသည်ယိမ်းနေလျက် ။

Host က သူ့စကားလည်းနားမထောင်ပေ ။ ထောင်ဝေ တိုက်တဲ့ဝိုင်မှာဆေးပါတယ်လို့သတိပေးရဲ့သားနဲ့တမင်သောက်သည် ။ Host ကြောင့် မျက်ရည်တောင်ကျချင်လာသည် ။

ရိပေါ်မှာ ယုန်တစ်ကောင်ကစိုက်ကြည့်တာကို ခံနေရသည့်အတွက်ရယ်လည်းရယ်ချင်လာသည် သို့သော်လည်း မရယ်ရက် ။ သူရယ်လိုက်ရင် Egg ကငိုချတော့မယ့်ရုပ်ဖြစ်နေတယ် ။

'Egg တစ်ခုလုပ်ပေး'

[ပြော!]

'ငါ့တည်နေရာကို ကွေ့ရန်ဆီပို့လိုက်'

[ပို့လိုက်ပြီ]

'တော်လိုက်တဲ့ကောင်လေး...လာလာ...ဒီကိုကိုကဖက်ပါဦးမယ်'

[Host နော် ကျွန်တော်က အိမ်မွေးခွေးမဟုတ်ဘူး]

ရိပေါ် ကြိတ်ရယ်လိုက်မိသည် ။ အကန်တွေပြောနေပေမယ့် သူ့ပေါင်ပေါ်လာတက်ထိုင်ပြီးနေပြီ ။ Egg က ချစ်စရာကောင်းသား ။

[ထောင်ဝေ လာနေပြီ ။ မင်း ကံကောင်းပါစေ Host ရေ]

ထိုတစ်ခွန်းသာပြော၍ ပျောက်သွားလေသည် ။ နေဦးလေ ထောင်ဝေလာတာနဲ့ ငါက ဘာလို့ကံကောင်းရမှာတုန်း ။

"မော့ယီ "

ထောင်ဝေ၏ မျက်လုံးများက ရီဝေနေ၏ ။ သူက ရှပ်အနက်ရောင်အောက်က ရင်ဘတ်သားဖွေးဖွေးကိုသာမြင်ယောင်နေသည် ။ သူ့လက်ထဲတွင် ဝိုင်နီခွက်အားကိုင်ထားသည် ။

ထောင်ဝေက ရိပေါ်အနားလျှောက်သွားကာ ပါးပြင်ကိုပွတ်သပ်လိုက်သည် ။ ရိပေါ်လန့်သွားရသည် ။ သူက ထောင်ဝေ၏ မျက်ဝန်းထဲမှလိုချင်တပ်မက်မှုများအားမြင်နေရသည် ။

Saving The Villain Life System [ Ongoing...]Donde viven las historias. Descúbrelo ahora