ကျောင်းသူလေးများသည် အနက်ရောင်ရှပ်လက်ရှည်နှင့် ဂျင်းဘောင်းဘီအနက်ကိုဝတ်ဆင်ထားပြီး ကားကိုမှီကာစတိုင်ကျကျရပ်နေသည့် ခပ်ချောချောကောင်လေးအားအကြည့်မလွှဲနိုင်ဘဲဖြစ်နေကြသည် ။
ရှီဇန်းသည် ကျောင်းအပြင်ရောက်သည့်အခါ ကားကိုမှီရပ်နေသည့် ကိုကို့ကိုတွေ့လိုက်ရ၍ပြုံးလိုက်မိသည် ။
"ကိုကို !!"
သူ့ကိုပြေးဖက်လာသည့် ပေါက်စအား ရိပေါ်ပြန်ဖက်ထားလိုက်သည် ။ ဒီကောင်လေးဟာလေ 15 နှစ်တောင်ပြည့်ပြီးပြီ အခုထိကလေးလုပ်နေတုန်း ။
စနေ၊တနင်္ဂနွေကျောင်းပိတ်လို့ အိမ်ပြန်လာမှသာမြင်ခွင့်ရသည့် မျက်နှာလေးကို ရှီဇန်း တဝကြီးကြည့်မိသည် ။ ကိုကိုက တက္ကသိုလ်နောက်ဆုံးနှစ်ဖြစ်လို့ ကျောင်းမှာပဲအနေများသည် ။ သောကြာနေ့ညနေမှသာ သူ့ကျောင်းဆီရောက်လာကာ လာကြိုပြီးအိမ်အတူတူပြန်၍ ပိတ်ရက်ကိုကုန်ဆုံးတာဖြစ်၏ ။
ရှီဇန်း သူ့ကိုကို ကိုစကားပြောချင်သေးပေမဲ့ ကိုကို့ကိုငမ်းနေကြသည့် မိန်းကလေးတစ်သိုက်ကြောင့် ကိုကို့ကို မမြင်ရစေရန် သူ့ခန္ဓာကိုယ်နဲ့ကွယ်ပစ်လိုက်သည် ။
"အိမ်ပြန်မယ် ကိုကို"
"အင်း..ကားထဲဝင်လေ"
ိ
"ကိုကို အရင်ဝင်"ရှီဇန်းက ရိပေါ် ကားထဲဝင်ထိုင်ပြီးမှသာ ဘေးတွင်ထိုင်သည် ။ အိမ်သို့ပြန်ရောက်သည့်အခါ မေမေလေးတို့ကပါ ဝမ်းပန်းတသာကြိုဆိုကြသည် ။ သူတို့သားကြီးကို ကျောင်းပိတ်ရက်လေးမှာပဲမြင်တွေ့ခွင့်ရတာမဟုတ်ပါလား ။
ယုကီကတော့ တခြားနိုင်ငံကိုပို့ခံထားရသည်မှာ 6 နှစ်တောင်ရှိသွားပြီဖြစ်သည် ။ ထိုကာလအတွင်း ရိပေါ်၏နေ့ရက်များမှာ ပုံမှန်လူများကဲ့သို့ပင် အေးအေးဆေးဆေးဖြစ်လို့နေ၏ ။ သူက စာကိုလည်းသေချာကြိုးစားပြီး သားကောင်းတစ်ယောက်၊အစ်ကိုကောင်းတစ်ယောက်အဖြစ်လည်း ကြိုးစားနေထိုင်သည် ။ အချိန်ယူ၍ဖြည်းဖြည်းချင်းစီပြောင်းလဲသွားတာဖြစ်လို့ OOC ဖြစ်မှာကိုလည်းစိုးရိမ်နေစရာမလိုပါချေ ။
ရိပေါ် သူ့အခန်းထဲဝင်လိုက်သည့်အခါ စိတ်သက်သာရာရမှုတချို့ကို ခံစားရမိသည် ။ ပိတ်ရက်တွေတိုင်း အိမ်ပြန်လာနေကြဖြစ်လို့ မေမေလေးကသန့်ရှင်းခိုင်းထားတာကြောင့် သူ့အခန်းလေးဟာအမြဲတစေ သန့်ရှင်းသပ်ရပ်လျက်ရှိသည် ။ အိပ်ရာပေါ်လှဲချလိုက်ပြီး ခဏအနားယူလိုက်မိသည် ။ အဆောင်ကအိပ်ရာထက်စာလျှင် သူ့အိပ်ရာလေးကပို၍အိပ်လို့ကောင်းသည် ။
![](https://img.wattpad.com/cover/239062305-288-k660840.jpg)
ESTÁS LEYENDO
Saving The Villain Life System [ Ongoing...]
Fanfic[ ZHANYI ] Cover from pinterest. Full credit to owner.