9.17

3.9K 498 48
                                    

အိမ်တွင် လူစုံတက်စုံရှိနေ၍ထင် မေမေလေးသည် လူရောစိတ်ပါလျင်မြန်စွာကျန်းမာလာ၏ ။ ရှီဇန်းလည်း သူ့အမေကိုသေချာဂရုစိုက်ပေးသည်ဖြစ်ရာ မြန်မြန်ပြန်ကောင်းလာသည်က ကိစ္စကြီးတော့မဟုတ် ။ ထို့နောက်တွင်တော့ ဟီဇရှိသည် သူ၏ သားသုံးယောက်ကိုခေါ်ပြီး J မြို့တော်က မိသားစုပိုင် Company ကြီးမှာပဲ လုပ်ကိုင်စေချင်ကြောင်းပြောလာ၏ ။ အထူးသဖြင့် သူ့သားကြီးကိုပင်ဖြစ်သည် ။ အိမ်နဲ့ မိသားစုကို ခြောက်နှစ်လောက်ခွဲခွာပြီးနေခဲ့တာဟာ လုံလောက်ပြီဟုလည်း သူတွေးမိ၏ ။

သို့နှင့် ရိပေါ်သည် သူလက်ရှိဦးစီးနေဆဲဖြစ်သည့် လုပ်ငန်းကို J မြို့တော်ရှိ Company နှင့်ပူးပေါင်းပစ်လိုက်ပြီး ဟီဇရှိ၏ နေရာကိုတာဝန်လွှဲပြောင်းယူလိုက်သည် ။ ရှီဇန်းကတော့ နဂိုတည်းက ရာထူးတစ်ခုရှိနေပြီးသားလူဖြစ်လို့ သူ့အတွက်က ထွေထွေထူးထူးစဉ်းစားပေးနေစရာမလိုအပ်တော့ ။ ပြဿနာကတော့ ယုကီပင်ဖြစ်သည် ။ သူ့ကို သူဝါသနာပါသည့်အလုပ်တစ်ခုလုပ်ခိုင်းမည်ဟု ဟီဇရှိက ပြောသော်လည်း ထိုသူပြောလာသည်က...

"အဖေ ကျွန်တော်လည်း အစ်ကိုကြီးနဲ့ရှီဇန်းလိုမျိုး အဖေ့ရဲ့လုပ်ငန်းမှာကူညီချင်ပါတယ်"

"ကောင်းပါတယ်။ မင်းက စီးပွားရေးအကြောင်းလည်းသိပ်နားမလည်သေးတော့ မင်းအစ်ကိုကြီးနားမှာ အကူလက်ထောက်လုပ်ရင်းသင်ယူပေါ့"

"ကျေးဇူးတင်ပါတယ် အဖေ"

"အဖေ အစ်ကိုယုကီကို ကျွန်တော်သင်ပေးလို့ရပါတယ်"

ရှီဇန်းက ဝင်ပြောလာ၏ ။ ဟီဇရှိသည် သူ့သားငယ်ကိုပြုံး၍ကြည့်ရင်း...

"အရူးလေး ဘယ်သူက ကိုယ့်ထက်အငယ်ဆီကနေပြန်သင်ချင်မှာလဲ ။ ဘာပဲဖြစ်ဖြစ် မင်းအစ်ကိုကြီးဆီကနေ ပြန်သင်ယူတော့မကောင်းဘူးလား "

"ကောင်းတယ် ။ ကျွန်တော်လည်း ကိုကို့ဆီကသင်ယူမယ်"

ဟီဇရှိသည် သူ့သားသုံးယောက်ကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်မိသွားသည် ။ သူ့သားသုံးယောက်က အခုလိုပဲစည်းစည်းလုံးလုံးရှိနေကြမယ်ဆိုရင် အခုနေ သူသေသွားရင်တောင် စိတ်မချဖြစ်စရာမရှိတော့ပါဘူး ။
.
.
.
"ယုကီ ဘာတွေကြံနေတယ်လို့ မင်းထင်လဲ"

Saving The Villain Life System [ Ongoing...]Where stories live. Discover now