ဖြောင်း !
ပါးပြင်နှင့်လက်ဖျံရိုးထိသံက တိတ်ဆိတ်နေသည့်အခန်းထဲဝယ် ကျယ်လောင်စွာထွက်လာ၏ ။
"မင်း ငါ့အစီအစဉ်ကိုဖျက်တာပဲ ယုကီ"
"တောင်းပန်ပါတယ် Z"
အနက်ရောင်ကိုသာဝတ်ဆင်ထားသော Z ဆိုသည့်လူသည် သူ့မျက်နှာတစ်ဝက်ကိုဖုံးအုပ်သောမျက်နှာဖုံးအနက်ကိုဝတ်ဆင်ထားလေသည် ။
ထိုလူက ကြမ်းပြင်တွင် ဒူးထောက်ထားသည့် ယုကီအား ငုံ့မိုးကြည့်လိုက်၏ ။
"ဒီတစ်ခါ မင်းလွဲချော်သွားခဲ့တယ် ။ ငါ မင်းကို သတ်ပစ်ချင်တာ ဒါပေမယ့် မင်းက ငါ့အတွက် အသုံးဝင်နေတုန်းလေ ။ အထူးသဖြင့် ဒီမျက်နှာလေး...ယုကီ"
"နောက်တစ်ခါ မဖြစ်စေရပါဘူး"
သူ လက်သီးတင်းတင်းဆုပ်လိုက်သည် ။ ရှီဇန်းနှင့်ဟာရုကီကို ကားဖြင့်တိုက်သတ်ဖို့ကြိုးစားသော်လည်း ထိုနှစ်ယောက်သည် လွတ်သွားခဲ့သည် ။
ရှီဇန်းနဲ့ဟာရုကီ မင်းတို့နှစ်ယောက်ကို ကံကြမ္မာက မျက်နှာသာပေးထားတာမဟုတ်ဘူး ။ ငါက မျက်နှာသာပေးထားတာပဲ ။
သူ ဒီလိုဘဝမှာ သူများခိုင်းဖက်အဖြစ်နဲ့ဆက်ပြီးအသက်ရှင်သွားမှာမဟုတ်ဘူး ။ နာကာမူရအိမ်တော်ရဲ့ အမွေဆက်ခံသူက သူပဲဖြစ်ရလိမ့်မယ် ။ အဲ့အခါကျရင် သူ့ကိုထိန်းချုပ်နေတဲ့ Z ဆိုတဲ့လူကိုတောင် သောက်ဂရုစိုက်စရာမလိုတော့ဘူး ။
.............
'မျက်နှာဖုံးနဲ့လူက ဘယ်သူဖြစ်မယ်လို့ မင်းထင်လဲ Egg'
သူတို့ကားမတော်တဆဖြစ်ချိန်တည်းက ယုကီကိုမသင်္ကာလို့ Egg ကိုစောင့်ကြည့်ခိုင်းထားတာဖြစ်သည် ။ ထင်သည့်အတိုင်းပင် နောက်ကွယ်မှာ လှည့်ကွက်များစွာရှိလို့နေသည် ။
[ အဲ့လူရဲ့နောက်ကြောင်းကို ရှာဖွေတွေ့ရှိသမျှအချက်အလက်က Eagle ရဲ့ ခေါင်းဆောင်ဖြစ်တယ်ဆိုတာကလွဲပြီး ဘာမှမသိရပါဘူး ]
'system တောင်ဘာအချက်အလက်မှရှာမတွေ့နိုင်တဲ့အထိ ခြေရာဖျောက်နိုင်တယ်ဆိုတော့..ငါတို့ ဂရုစိုက်ဖို့လိုနေပြီ Egg'
![](https://img.wattpad.com/cover/239062305-288-k660840.jpg)
KAMU SEDANG MEMBACA
Saving The Villain Life System [ Ongoing...]
Fiksi Penggemar[ ZHANYI ] Cover from pinterest. Full credit to owner.